11

536 71 3
                                    

Ashoက သူ့သားလေး ဆိုးပေလေးကို Hitoriနဲ့ စိတ်မချ၍ အခန်းထဲသို့ ကိုယ်တိုင် လိုက်ကြည့်သည်

Tobu တစ်ယောက် Hitori ရင်ခွင်ထဲမှာ ငြိမ့်နေ၏

Hitori က အိပ်ယာထဲမှာ YamaToရှိ ရတနာပုံပြင်ကျမ်းကို ဖတ်ပြနေသည်

စာပေါ်မှာ ပြေးလွှာနေသော ရုပ်ကောင်လေးများနှင့် လင်းလင်းလက်လက် ကြယ်ပွင့်လေးများကို စိတ်ဝင်စားစွာ ကြည့်နေ၏

YamaTo အိမ်တော်ခွဲများမှ ပထမဆုံးမွေးသည့် အိမ်တော်တွင်းသခင်လောင်းများဟာ အသက်အငယ်ဆုံး က‌လေးတောင် အလွန်တည်ကြည် အေးချမ်းသည့် အသွင်ရှိ၏

အငယ်များကတော့ အောက်မှာ ထိန်းမနိုင်သော မြင်းပေါက်လေးများလိုပင် တော်တော်ကဲသည်

သူတို့ ထို့ကြောင့် Sia၏သားတော်သုံးယောက်မှ တည်ငြိမ်သော Bakuကို မျိုးရိုးအမည် တရားဝင် ပြောင်းလဲ၍ အိမ်တော်ခွဲသခင်တင်ဖို့ ရွေးချယ်ခဲ့ကြပုံပင်

Asho ပြုံးလိုက်မိပြီး အခန်းတံခါးလေးကို ပြန်ပိတ်ပြီး ထွက်လာခဲ့သည်

ထိုစဉ် အိမ်တော်တစ်နေရာမှ လမ်းလျှောက်ပြေးသွားသည် အရိပ်ကိုမြင်လိုက်ရ၏

Asho ဟာ အသံလှမ်းပေးလိုက်သည်

"ဘယ်သူလဲ.. အထိန်း‌တော်လား"

Asho ဟာ အသံကြားလိုက်သည့် နေရာကို သွားကြည့်၏

YamaToဟာ ‌လူ့တစ်ဖက်စာ သစ်တိုင်လုံးများနှင့် တည်ဆောက်ထားသော မှော်သစ်နက် အိမ်တော်ကြီးများဖြစ်သည့် အလျောက် အနက်ရောင်ဆန်ပြီး လွန်စွာတိတ်ဆိတ်၏

ကြီးမားထယ်ဝါသော မှော်သစ်နက်အိမ်တော်ခွဲကြီးမှာ မျက်စိပင်လည်နိုင်၏

လှပပြီး လူးတစ်ရပ် ရှေးပန်းချီကားချပ်များ ချိတ်ဆွဲထားသော လျှောက်လမ်းမတစ်လျှောက် ဖြတ်သန်းလာရာ အသံဟာ ပိုမိုနီးကပ်လာသည်

အနက်ရောင် ဝတ်ရုံကို ခေါင်းအစခြေအဆုံး ခြုံလွှားထားသော လူတစ်ယောက်ဟာ ပန်းချီကား တစ်ချပ်ရှေ့တွင် ကျောပေးလျက် မတ်တပ်ရပ်နေ၏

များပြားလှသော အိမ်တော်ခွဲ ညီအစ်ကိုများစွာထဲက တစ်ဦးများလားဟု Ashoဟာ လှမ်းမေးလိုက်သည်

 Love Story From Defulo (S3), King Sia Where stories live. Discover now