Part-79/ အိမ်ရှေ့စံမင်းသား Sia Tenki 20/ အထိန်းတော် အရှင်မြတ် Yuka

186 31 1
                                    

"အရှင်တော်မြတ် Tenki ၊ ရောဂါဝေဒနာ ပြန်လည်နိုးထနေပါတယ် မင်းကြီး"

အထိန်းတော်ကြီး၏ လျှောက်တင်မှုအပြီး မင်းကြီးဟာ ဝုန်းခနဲ ဖိနပ်ပင်မပါပဲ ပြေးထွက်သွားသည်

Sia၏ အဆောင်ကိုရောက်သည့်အခါ အိပ်ရာနန်းထက်မှာ အဖြူရောင်ရေခဲမှုန်တွေလို တစ်ကိုယ်လုံး အေးစက်လျက်ရှိသော သားဖြစ်သူကို အပြင်ကနေ လှမ်းတွေ့လိုက်ရသည့်အခါ မင်းကြီးက အခန်းထဲကို ခြေလှမ်းဖို့ ရုတ်တရက် ပြင်ပြီးနောက်မှ ရပ်တန့်သွားခဲ့သည်ကို အထိန်းတော်Yukaက သတိပြုခဲ့မိ၏

ကြင်ယာတော်ကြီးနှင့်အတူ နန်းတတ်ကတည်းက အခစားဝင်လာသည့်သူမို့ မင်းကြီး၏ အကြည့်၊ မင်းကြီး၏ ချွေးစက်၊ မင်းကြီး၏ အရာရာတိုင်းကို အသေးစိတ် နားလည်သဘောပေါက်သူဖြစ်သည်

Siaအနားမှာ အတွင်းဆေးသမားတော်တို့ ဝန်းရံနေပြီး ပြာယာခတ်နေကြသည့်အခါ ရင်ထဲမှာ တုန်ယင်နေသော ဖခင်တစ်ဦး၏ ပူပန်ကြောင့်ကျမှုတွေက သူချမှတ်ထားသည့် စည်းကမ်းတစ်ချို့ကိုတောင် ချိုးဖောက်ဖို့ဟန်ပြင်ခဲ့မိသည်

မင်းကြီးက အထိန်းတော်ကြီး Yukaအား မေး၏

"Tenki ဘယ်လိုဖြစ်တာလဲ"

"အရှင်တော်မြတ် ရေခဲမိုး မိလာတာပါ မင်းကြီး"

မိုးရေမိရုံနဲ့ ဒီလိုမျိုး ဖြစ်သွားမယ့်အရာမှ မဟုတ်မှန်း မေးစရာမလိုအောင် သူတို့သိကြ၏

မင်းကြီးက အသံတိတ်လျက် ပြန်လည်စိုက်ကြည့်နေသည့်အခါ Yukaဟာ ပြန်ဖြေလိုက်သည်

"Yamato သခင်လေးရဲ့ ကြင်ယာဖက်တွေ့တာကို သွားကြည့်ပြီး အပြန် မိုးမိလာတာပါ"

မင်းကြီးကိုမြင်သည့်အခါ အထိန်းတော်ငယ်Motoက ပြေးထွက်လာ၏

"အရှင်~ မင်းသား Tenki ကို လာကြည့်တာပါလား"

ထိုအခါ မင်းကြီးက မည်သည့်စကားမှ မတုန့်ပြန်ပဲ Siaကို လှမ်းကြည့်ရင်းသာ ငြိမ်နေခဲ့၏

"~ အရှင့်ဆီက ထွေးပိုက်မှုက သူ့ကိုအများကြီး အားအင်ဖြစ်စေမှာပါ အရှင်"

"သူ့ကို အနားမှာ စောင့်ကြည့်ထား"

"အရှင်~~~ အ~~~ အရှင် အထဲကိုဝင်ပြီး အိမ်ရှေ့စံကို ကြည့်ပါဦးလား"

 Love Story From Defulo (S3), King Sia Where stories live. Discover now