2

957 93 0
                                    

မနက်ရောက်သော် Aitaဟာ Baku၏ အခြေအနေကို သိရှိရန် လာရောက်လျှောက်ထားမည့် မိမိ၏ အစေကျွန်လေးကို စောင့်နေ၏

သို့သော် ကြင်ယာထိန်းMamiဟာ ရောက်မလာပေ

Aitaဟာ Mamiရောက်မလာ၍ Mami၏ ကြင်ယာတော်ဖြစ်သော အထိန်းတော်Naniကို လှည့်ကြည့်သည်

",.?"

Naniက သူလည်း Mamiပျောက်နေတာ သိပုံမပေါ်ပေ

"ညကတည်းက Mamiရောက်မလာပါဘူး ကြင်ယာတော်ကြီး?"

ထိုစဉ် အရှင် Siaဟာ Aita၏ အဆောင်တွင်းသို့ ကြွလာသည်

"မနက်စာ ပွဲတော်တည်ခင်းဖို့ ရောက်မလာသေးတာနဲ့ ကိုယ်တော်ရဲ့ကြင်ယာတော်ကို ကိုယ်တော်ကိုယ်တိုင် လာခေါ်တာ" ဟု အရှင်Siaဟာ ထုံးစံအတိုင်း မိမိအား ချိုမြိန်သော ချစ်စကားလေးများနှင့် နှုတ်ဆက်၏

ယခင်က Siaဟာ ညပိုင်းရောက်လျှင် မိမိ၏ အိပ်ဆောင်ထဲသို့ Moonlayကို အတူခေါ်လာ၍ သုံးယောက်အတူအိပ်လေ့ရှိသည်

ယမန်နေ့ကတော့ Siaလည်းရောက်မလာသလို Siaရောက်မလာဖြင့် Moonlayလည်း အတူလာမအိပ်ရချေ

Aitaဟာ မေး၏

"ညက ဘယ်သွားနေတာလဲ... အရင်လို နန်းရေးရာတွေလည်း မရှိတော့ဘဲနဲ့"

"ဟုတ်တယ်... ကိုယ်တော်ညက Mizufuubi(မီဇုဖူးဘိ) လောကမြေက သဘာဝကျိန်စာ ယန္တယားသစ်ရဲ့ ဆောင်လေညင်းခံကို ခံကောင်းကောင်းနှင့် ခံရင်း အအေးမိချင်သလိုဖြစ်လို့... ကြင်ယာတော်ကြီးကို ကူးမှာစိုးလို့"

"အခုရော~~ ဘယ်လိုနေသေးလဲ"

"အဆင်ပြေသွားပါပြီ.. ပြင်ပကလာတဲ့ ကျိန်စာစည်းသစ်တွေမို့ ကောင်းကောင်းသန့်စင်မှု မရှိသေးဘူးထင်တယ်" ဟု ဆိုရင်း Siaဟာ Aita၏ကိုယ်ပေါ်
သို့ ဝတ်ရုံလွှာအား ခြုံပေးသည်

"နွေးနွေးထွေးထွေးနေ"

Siaဟာ Aitaအား ကြယ်သီးတပ်ပေးရင်း မျက်ဝန်းစင်းစင်းအား ကြည့်သည်

အရင် သူ့မျက်နှာအနားကို ယခုလိုကပ်၍ ကြည့်မိလျှင် ဖြတ်ရိုက်ခံရသည်

အားအင်လည်း အဆမတန်သန်မာသူမို့ လျှပ်တပြတ်အချိန်တွင်းမှာပင် ပတ်ဝန်းကျင်ကို ငရဲခန်းလို ဖန်တီးနိုင်စွမ်းရှိ၏

 Love Story From Defulo (S3), King Sia Where stories live. Discover now