Part-66, အိမ်ရှေ့စံမင်းသား Sia Tenki 7/ လယ်တောထဲက စိတ်ဝိဉာဉ်ငယ်

306 37 13
                                    

Siaတစ်ယောက် မနက်စာနှင့် ဆေးဝါးအချို့သုံးဆောင်ပြီး လှပသော ကတ္တီပါမြက်ခင်းမြေနှင့် ရတနာမှော်နက်တော၏ အစိမ်းရောင်အလှကို လှမ်းကြည့်ရင်း ခေတ္တအနားယူ၏

အဝေးဓါတ်ခွဲခန်း၊ ဆေးဝါးထုတ်လုပ်ရေးနှင့် ဆေးဝါးကုသဆောင် ဖြူဖြူလေးကို တန်းစီမြင်နေရသည်။ ရွှေရောင် နတ်နန်းကြီးကိုလည်း မြင်ရ၏။ တောင်တစ်ဖက်ခြမ်းရှိ ပန်းနယ်မြေမှ ပန်းရနံ့တို့ကလည်း လေဓါတ်ကူးလျက် တစ်ချက်တစ်ချက် ခပ်သင်းသင်း မွှေးပျံ့လျက်ရှိ၏

YamaToက မှော်သစ်နက်စီးပွားရေးကို ဘိုးစဉ်ဘောင်ဆက် အုပ်စိုးးသည်... တောတွင်းသားထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေးဌာနက YamaToမြေပိုင်နက်နဲ့ Siaအိမ်တော်မြေပိုင်နက်၏ အကြားရှိ ကတ္တီပါမျက်ခင်းစိမ်းလွင်ပြင်ဒေသတွင် တည်ရှိ၏

နတ်နန်းကို ဗဟိုတည်၍ လခြမ်းကွေးသဏ္ဍာန်ရှိသော Defuloတောင်တန်းကြီး၏ အထက်နေရာများတွင် တိရစ္ဆာန်မျိုးစိတ်များ ဖန်တီးသော ဓါတ်ခွဲရုံများစွာရှိကြ၏

သဘာဝဂေဟစနစ်အတွက် သက်ဆိုင်ရာ တောကောင်ပေါက်ငယ် တောကောင်ကြီးများ အိမ်မွေး အိမ်ခိုင်း တိရစ္ဆာန်များ ပိုးမွှားကောင်ငယ်များကို ဖန်တီးရသည့် ငှာနများဖြစ်သည်

တောင်ခြေတွင် လယ်ယာမြေများ ဝန်းရံနေ၏
ကောင်းကင်ယံဟာ တိမ်လိပ်အဖြူများ အမြဲပျံသန်းရွေ့လျားနေသည်

ထိုစဉ် Aitaအား လယ်တောတွင် ခမောက်ငယ်တစ်လုံးနဲ့ တွေ့ရလေ၏။ လယ်တောထဲမှာ ခမောက်တစ်လုံးနဲ့ အလုပ်များနေ၏

Aitaတစ်ယောက် ခြင်းကျားလေး တစ်လုံးကိုင်ကာ ပုဇွန်လုံးနှင့် ခရုလေးများ လိုက်ကောက်ပြီး တုတ်တစ်ချောင်းနဲ့ ဖားလိုက်ရိုက်နေသည်

ရွံ့များပေသလူးနေပြီး အကျီအဝါရောင်လေးနဲ့ မလိုက်ဖက်စွာရှိလှ၏

"အရိုင်းတုန်းက ညစ်ညစ်ပတ်ပတ် နေရတာလည်း ကြိုက်တာပဲ"

Siaဟာ လယ်တောစပ်သို့ လမ်းလျှောက်ရင်း လှမ်းအော်လိုက်သည်

"ဟေးး YamaTo-Aita~~~"

အသံကိုကြားလို့ Aitaက မော့ကြည့်ရာ မျက်နှာနုနုလေးထက်၌လည်း ရွံ့များလည်း ပေလူးနေသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now