Part-41

475 67 4
                                    

ဆုတောင်းပွဲအတွက် Yamatoမှာ Asho တစ်နေကုန် အလုပ်များနေ၏

Bakuက နတ်နန်းမှာ ဒီညနေရမည်ဖြစ်သည်

ညရောက်တော့ Bakuမရှိ၍ Ashoဟာ အထီးကျန်လေသည်

Siaဟာ ဧည့်သည်ဆောင်ရှိ Ashoကို လာရောက်ကြည့်ရှုသည်

"မနက်ဖြန်... Bakuနဲ့ ဝတ်ပြုပွဲတတ်ရမှာမလား... Bakuကိုသွားခေါ်ဖို့ စောစောအိပ်လေ၊ ကိုယ်တော်လည်း ကြင်ယာငယ်လေးကို အတူသွားခေါ်ရမှာ"

"မအိပ်ချင်သေးလို့ပါ အရှင်။ စောသေးလာလို့"

"ဒါဆို ကိုယ်တော်တို့ ပိုပြီးရင်းနှီးသွားအောင် အပျင်းပြေ ကျားကွက်ထိုးကြမလား"

~~~~~~

Ashoက အနက်ရောင်ပေးတော့ Siaက သူ့ဘက်ခြမ်းသို့ အဖြူစေ့လေးများကို ပြောင်းယူလိုက်သောကြောင့် Ashoဟာ မျက်လုံးလေးလှန်ကြည့်မိလိုက်သည်

အရှင်Siaက အဖြူရောင်ကျားစေ့ကို ကြိုက်တတ်ပုံပင်---

စိတ်ရှည်လက်ရှည် တစ်စေ့ချင်း ကျကျနန သူစီ၏

မျက်လွှာချထားသည့် အရှင်ပြုမူလှုပ်ရှားမှုတို့က အနည်းငယ် တည်ငြိမ်နေသည်

"ဒီလိုကျတော့ အရှင်က Bakuကိုမြင်ရသလိုပဲ ထူးခြားတဲ့အေးချမ်းမှုကို ခံစားရတယ်"

"---??"

Asho၏ ပွင့်လင်းသည့် ရေရွတ်စကားကြောင့် Siaက ပြန်ကြည့်၏

Ashoက ပြောလိုက်သည်

"ပတ်ဝန်းကျင်က တိတ်ဆိတ်နေလို့လား မသိဘူး။ ဒီည အရှင်ကိုမြင်တော့ Bakuကိုသတိရသလိုပဲ"

"မင်းက ငါ့ကိုတော့ ပြောတယ်၊ မင်းလည်း ငါ့လိုဖြစ်လာပြီမလား"

"အာ၊ မဟုတ်ဘူး။ ကျွန်တော်က----"

"ဝေ့လည်ဝေ့လည်နဲ့။ Bakuကို မြင်ချင်ရင် မြင်ချင်တယ်ပေါ့။ Bakuက ငါမွေးထားတာ ငါနဲ့မတူလို့ ဘယ်သူနဲ့တူရမှာလဲ"

"ဒါပေမယ့် အရင်တုန်းက ဘယ်သူနဲ့မှတူတယ်လို့ မခံစားရဘူး။ Bakuက အခြားတစ်ယောက်က မွေးထားသလိုတောင် ခံစားရတယ်... သူ့အစ်ကိုတွေနဲ့လည်း မတူဘူး။"

"ကြင်ယာတော် သန္ဓေသားက ကြင်ယာဖက် သန္ဓေသားတွေနဲ့ ဘယ်တူနိုင်ပါ့မလဲ။ Siaအိမ်တော်ရင်းနဲ့ YamaToအိမ်တော်ရင်းမှာ ကြင်ယာတော် သန္ဓေသား မွေးဖွားလေ့မှမရှိခဲ့ဘူးလေ။ Bakuက အိမ်တော်နှစ်ခုလုံးအတွက် မျိုးဆက်တွေ အကြာကြီးခြားပြီးမှ ဖြစ်ပေါ်လာတဲ့ ကြင်ယာတော်မျိုးဆက်ပဲ... မျိုးရိုးရဲ့မူလကြင်ယာတော် မျိုးရိုးဗီဇက အဲ့ဒီလိုမျိုးဖြစ်နေလို့နေမှာပေါ့"

 Love Story From Defulo (S3), King Sia Where stories live. Discover now