Part 78/ အိမ်ရှေ့စံမင်းသား Sia Tenki/ စန်းတ အိမ်‌တော်သားလေး XingYi

144 22 3
                                    

အရှင်Tenkiက ချိန်းထားသည့်နေရာသို့ ပတ္တမြားအင်္ကျီကို ညခင်း၌ သူ၏အထိန်းတော်ငယ်ကို ပုန်းကွယ်ကာ ကိုယ်တိုင်လာပေးသည်

"အရှင် တကယ်ပဲ Aitaကို သွေးသားရင်းလို ပဲ ချစ်မြတ်နိုးတာလား"

"ကိုယ်တော် Aitaနဲ့ ဘာသက်ဆိုင်မှုမှ မရှိတဲ့ သူစိမ်းလိုပဲနေချင်တယ်။ သွေးသားရင်းလည်း မဖြစ်ချင်တော့ဘူး။ ကြင်ယာဖက်လည်း မဖြစ်ချင်ဘူး။ သူ့ကိုခေါင်းထဲထည့်ရက ကိုယ်တော့်အတွက် ရွံမုန်းဖို့ကောင်းတယ်"

"ဘာပဲဖြစ်ဖြစ် အရှင်က အုပ်ထိန်းသူတစ်ဝက်ပဲမလား။ ယခုလပြည့်ညမှာ Aita ကြင်ယာဖက်တွေ့မှာ"

"ကြင်ယာဖက်။ မမြန်လွန်းဘူးလား------"

Aitaကို အလိုမရှိဘူးဆိုပြီး Aita၏ ကြင်ယာဖက်တွေ့သည့် သတင်းကြားသည်နှင့် ပြူးပြူးပြာပြာ ပြောင်းလဲသွားသော Sia၏ မျက်နှာအား Fuitaဟာ စိတ်မရှည်စွာ စိုက်ကြည့်နေခဲ့သည်

Fuita၏ မျက်နှာထား တင်းတင်းကို မြင်သောအခါ Siaဟာ ငြိမ်သွား၏။ သူ့အကြောင်းကို သူကိုယ်တိုင်လည်း ရိပ်မိပုံပေါ်သည်

"တကယ်လို့ အရှင် ဆန္ဒရှိခဲ့ရင် ပန်းရတု တောင်ကြားလမ်းက ကောင်းကင်ယံလျှောက်လမ်း အမှတ်(108) ကို လာခဲ့ပါ။"

------------------------------------

"အရှင်~ ကျွန် တစ်ယောက်က အရှင့်ကို ပေးစရာရှိလို့တဲ့"

အထိန်းတော်ငယ်က ပစ္စည်းတစ်ခုကိုပေး၏

Sia ရေးခြစ်နေကျ အိတ်ဆောင် ခဲတံလေးဖြစ်သည်

"ဘယ်သူလာပေးတာလဲ"

"Maku တဲ့--"

"သူက Fuitaရဲ့ တစ်ညအစေခံ ဟိုMaku မလား။ ဒါ ကို ဘယ်ကရတာလဲ!!""

Siaဟာ အခန်းထဲကနေ ပြေးထွက်ပြီး အနောက်က လိုက်လာ၏

နတ်နန်းမှာ တစ်ကြိမ်တွေ့ခဲ့သော Maku ဆိုသည်သူဖြစ်သည်

"ကျွန်တော်မျိုးကသခင်တော်ကြီးKuroiဆီမှာ သူ့ရဲ့ လိင်လုပ်သားတွေကို ထိန်းသိမ်းပေးရတဲ့ အစေခံအဖြစ် အခစားဝင်နေတာ။ သူ့ရဲ့ ယောက်ဖက သခင်လေး Fuitaရဲ့ ကြင်ယာတော်လောင်းXingyiပါ။ သခင်လေးကိုတွေ့ချင်လို့ ဝေလာကို ကြင်ယာတော်လောင်းXingyiရဲ့ သန့်စင်တဲ့ အစေခံအဖြစ် အဖော်လိုက်တာ။"

 Love Story From Defulo (S3), King Sia Where stories live. Discover now