Part-70, အိမ်ရှေ့စံမင်းသား Sia Tenki 11/ အပ်နှင်းခြင်း

144 22 4
                                    

Fuitaဟာ အိပ်ပျော်နေသော Aitaအား လက်ကနေ ဆွဲခေါ်လာပြီး ဖိနပ်နှင့် အကျီတို့ကို ချွတ်သည်

"အစ်ကိုတော် ဘာဖြစ်တာလဲ"

ခန္ဓာကိုယ် အလေးချိန်တိုင်းပြီး အရပ်အမြင့်ကိုတိုင်းကာ မှတ်ထားပြီး အကျီပြန်ဝတ်ပေး၏

"အစ်ကိုတော် Aitaလေးကို ဒေါသထွက်နေတာလား"

Aitaဟာ အစ်ကိုဖြစ်သူ၏ ရုတ်တရက် ဆန်ဆန် မျက်နှာတင်းတင်းနဲ့ စကားမပြောပဲ နှုတ်ဆိတ်ကာ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ပြာယာခက်နေမှုကြောင့် နောက်ထပ်အပြစ်လုပ်မိသည်ထင်၍ မျက်နှာငယ်လေးနဲ့ ကြည့်နေသည်

"Aitaလေး နန်းတွင်းက သစ်စေ့တွေ ယူလာလို့လား~ အဲ့ဒါက Siaပေးလိုက်တာပါ::::"

"ခိုးလာတာ မဟုတ်ပါဘူး အစ်ကိုတော်ကြီး::::"

Fuitaဟာ Aitaပြောသည့်စကားလေးများကို နားထောင်နေပုံမပေါ်ပေ

"Aitaလေး အစ်ကိုတော်ပြောသလို စကားနားထောင်ပြီး နေပါတယ်"

Fuitaဟာ ပစ္စည်းတွေထုပ်ကာ စိုးရိမ်မှုနဲ့ ပူလောင်မှုတစ်ခုဖြစ်နေပုံရသည်

"အစ်ကိုတော် ဘယ်သွားမလို့လဲ::: ရေခဲမိုးတွေ ရွာနေတယ်လေ:::"

"ဘယ်မှမသွားနဲ့::: ဒီမှာခဏစောင့်နေ~"

"omm"

Fuitaဟာ Aitaအား ခဏထားခဲ့ပြီးနောက် မီးအိမ်ငယ်ကိုယူကာ ပင်မအိမ်တော်ရင်း၏ ရတနာဘဏ်တိုက်တော်ရှိရာဘက်သို့ တစ်ယောက်တည်း ထွက်သွား၏

Aitaဟာ အိမ်အပြင်က ပုံနားရိပ်အစပ်လေးမှာ ငုတ်တုတ်လေး ထိုင်စောင့်နေသည်

အချိန်တစ်ခုကြာသည်အထိ Fuitaပြန်မလာသေးပေ

အိမ်စောင့်အထိန်းတော်ကြီး ညလှည့်တော့ Aitaဟာ အမှောင်ထဲဝင်ပုန်းနေခဲ့၏

"အရှင်တော်ငယ်လေး အိပ်နေပြီထင်တယ်။ သခင်တော် Fuita ပြန်မလာသေးဘူးလား။ တံခါးကြီးလည်း ပွင့်လို့~~??"

အိမ်တော်ထိန်းက တံခါးကို သေချာပြန်ပိတ်ကာ မှန်ချပ်နံရံများကို လိုက်ကာ ပိတ်ကာထွက်သွားသည်

မိုးတိတ်ပြီး လရောင်ထွက်လာသည့်အခါ Fuita ပြန်ရောက်လာ၏

Aitaဟာ ထိုနေရာက ကြမ်းပြင်လေးပေါ် ခွေခွေလေး အိပ်နေသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now