Part-90, အိမ်ရှေ့စံမင်းသား Sia Tenki 27/ အတူလိုက်ခဲ့ပါ အရှင်တော်ဆီယာ

162 19 2
                                    

Part-90, နန်းတတ်မင်းသား Sia Tenki 27/

(အတူလိုက်ခဲ့ပါ အရှင်တော်ဆီယာ)

---------------------------

"Sia:::" ဟူသည့် လေညင်းသွဲ့သွဲ့အသံကို ရေရွတ်ရင်း Aitaဟာ တစ်ဖန်နိုးထလာခဲ့သည်

"Fuita ကို သွားခေါ်... ပထမဆုံးမြင်ကွင်းမှာ သူဖြစ်နေဖို့လိုတယ်"

မျက်ဝန်းတို့ဟာ ကျိန်းစပ်နေသော အလင်းစူးစူးကို ခံစားရ၏

"လိုက်ကာပိတ်လိုက်၊ သခင်လေး မျက်စိစူးမယ်"

Aitaဟာ ရီရီဝေဝေ မျက်ဝန်းတို့ဖြင့် အလင်းဖျော့ဖျော့ကို ငေးကြည့်နေသည်

"အိမ်မက်လား--? Siaရော--?"

ငါ့ ခန္ဓာကိုယ်က ဘာလို့ အဲ့လောက်တောင် လေးလံနေတာလဲ---

ဘဝသစ်လား---

ကလေးပြန်ဖြစ်သွားတာလား---

Siaကရော ဘယ်ရောက်သွားပြီလဲ---

"Aitaလေး နိုးလာပြီလား။ အစ်ကိုတော်ရှိတယ်"

"အစ်ကိုတော်--?"

---------------------------------------

"ကျိန်စာယန္တယားနဲ့ လွတ်သွားတဲ့အတွက် ကြီးမားတဲ့ထိခိုက်မှုတွေရှိပေမယ့် သခင်လေးက ပြင်ပလောကနတ်မျိုးနွယ်မို့ ရုပ်ခန္ဓာ ထိခိုက်မှုသိပ်မရှိခဲ့ဘူး။ နာမ်ခန္ဓာတော့ ထိခိုက်မှုရှိတယ်

သခင်လေး နှလုံးသွေးကြော ပေါက်သွားတာကို ကြည့်ရတာ စိတ်ထိခိုက်မှုတွေကို သာမန်လူသားလို ခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး။ ကြေကွဲဝမ်းနည်းမှုကို ထပ်ပြီးခံစားရမယ်ဆိုရင် နှလုံးအိမ်ပျက်စီးပြီး သွေးသန္ဓေမျိုးစေ့ ထုတ်လို့မရနိုင်တာမျိုးတွေလည်း ဖြစ်လာနိုင်တယ်

အရှင်Siaကတော့ ညံ့ဖျင်းတဲ့မွေးသန္ဓေ အသက်ဝိဉာဥ်နဲ့ ရုပ်ခန္ဓာကို ထိန်းသိမ်းပေးထားတဲ့ ဝတ်ရုံတော် ကံကြမ္မာပေစာက ခဏတာပျောက်ကွယ်မှုဖြစ်သွားလို့ ထိခိုက်မှုအများကြီးရှိတယ်။ အသက်မသေတာ ကံကောင်းတယ်။ နောက်ထပ် စိတ်ထိခိုက်မှုတွေ ရှိမလာဖို့ အရမ်းအရေးကြီးတယ်။

နှစ်ယောက်လုံးကို ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုကို ခံစားခွင့်ရအောင် ဖန်တီးပေးပါ။ အရမ်းကြီး မချုပ်နှောင်ထားပါနဲ့"

 Love Story From Defulo (S3), King Sia Where stories live. Discover now