Part-87/ စစ်သူကြီးနှင့် လိင်လုပ်သားငယ် Kamina

282 30 4
                                    

ကြင်ယာကြီးက Asho၏ အိပ်ဆောင်တော်အရှေ့မှာ မြင်းတစ်ကောင်နှင့်အတူ မနက်ခင်းအစော၌ စောင့်နေသည်ကို တွေ့လိုက်ရသည်

ထူးထူးဆန်းဆန်း လာစောင့်နေသည်မို့ Ashoဟာ အာလပ သလပတွေ မေးမနေတော့ပဲ အင်္ကျီလဲကာ ကြင်ယာကြီးနှင့်အတူ လိုက်လာ၏

ထိုစဉ်လမ်းတစ်ဝက်မှာ Makuနဲ့တွေ့တော့ Makuက ပြူးတူးပြာတာ အနားကပ်လာကာ လှမ်း‌လျှောက်တင်သည်

"ကြင်ယာကြီး မျက်နှာလည်းမကောင်းပါလား။ ဘယ်သွားမလို့တုန်း"

Makuကို ကျော်ပြီး အဝေးသို့ လှမ်းကြည့်တော့ Siaက အိပ်ဆောင်မျော်စင်ကနေ လှမ်းကြည့်နေသည်ကို မြင်ရ၏

Aitaဟာ Makuကို ပြန်မေးလိုက်သည်

"လိုက်ချင်လို့လား"

"အမ်-- အွန်း လိုက်မယ်"

"ပြီးရင် Siaကို အကုန်ပြန်ပြောမလို့မလား"

"ဟမ်-- အင်း-- အယ် အဲ့လိုမဟုတ်ရပါဘူး"

Aitaက ရှေ့ကထွက်သွားတော့ Makuက သူ့မြင်းကိုပြေးယူပြီး အနောက်ကလိုက်လာသည်။

အချိန်တစ်ခုကြာ လယ်ကွင်းပြင်များဆီ ဖြတ်သန်းလာခဲ့သည့် အလွန်၌ မကြီးမငယ် အိမ်ငယ်လေးတစ်လုံးရှေ့အရောက် ရပ်တန့်သွားသည်

အိမ်ကျယ်လေးဟာ အငွေ့တစ်လူလူဖြင့် အသက်ဝင်နေပြီး အတွင်းမှ ကြင်ယာထိန်းနှစ်ဦးထွက်လာကာ သူတို့၏ မြင်းနှစ်ကောင်ကို ယူပြီး အဝေးသို့ စီးနင်းထွက်ခွာသွားကြ၏

ကြည့်ရတာ ကြင်ယာကြီးကို တမင်တစ်ယောက်တည်း ထားခဲ့ကြပုံဖြစ်၏

စစ်သူကြီးရဲ့ အိမ်ကို ဘာကိစ္စရှိလို့များလဲ Asho တွေးမိစဉ်မှာပင် စိုက်ခင်းများထဲမှ စစ်သူကြီးတစ်ယောက် သူ၏လှည်းကြီးဖြင့် ပြန်ရောက်လာ၏

စစ်သူကြီးဟာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ခန့်ညားသော ရုပ်ရည်နှင့် ပြင်ပလောကမှ လူသားတို့၏ အနက်ရောင်မျက်ဆံရှိသည့် လူပေလူတေ ခပ်ကြမ်းကြမ်းအသွင်ဖြစ်သည်

ကြင်ယာကြီးကိုမြင်ခိုက် ပြာပြာယာယာပင် အထဲသိုပြေးဝင်သွားကာ တစ်စုံတစ်ယောက်၏ နာမည်ကို လှမ်းခေါ်၏

 Love Story From Defulo (S3), King Sia Where stories live. Discover now