"Asho--- အက်ႌက ဘယ်လိုဖြစ်တာလဲ"
"ပို့လိုက်တဲ့ အင်္ကျီရော--?"
"အဲ့ဒါက-- ကြင်ယာကြီးက ပြန်ယူသွားတယ်၊ အခြားသူပေးတာဝတ်ရင် ပွဲပျက်မယ်တဲ့"
Ashoက ပြန်ဖြေလိုက်သည့်အခါ ကြင်ယာကြီး၏ဖခင် အိမ်တော်သခင်ကြီးက သက်ပြင်းချသည်
"ကျစ်၊ ကျစ်၊ ကျစ်၊ ဒီကောင်လေးကတော့--!! ဒီဟာ သူဝတ်ခိုင်းတာပေါ့။"
"ဟုတ်ကဲ့"
ထိုစဉ် အနောက်ကနေ ကြင်ယာကြီး အသံကြားလိုက်ရ၏
"Ashoက ကျွန်တော်ရဲ့ သမက်တော်လေ။ အိမ်တော်မိသားစုဝင် လက်ခံရမှာ ကျွန်တော် မဟုတ်ဘူးလား။ ဘာလဲ ကျွန်တော်က ဒီအိမ်ကသားတစ်ယောက် မဟုတ်ဖူးလား။ ဒီအိမ်တော်ခွဲကို ဆက်ခံရမယ့်သူ မဟုတ်ဘူးလား။ ဘာလို့ ဖခင်Xuyiက Ashoရဲ့ ဆုတောင်းဝတ်စုံကို ချုပ်ပေးတာလဲ။ ကျွန်တ်ာက သေသွားလို့လား"
"အင်္ကျီရော-- Siaကို ပေးလိုက်ပြန်ပြီလား။ Ashoကို မဝတ်စေချင်ရင် ပြန်ပေး။ သိမ်းထားရမယ်"
"လွှင့်ပစ်လိုက်ပြီ။ Siaကိုမစွပ်စွဲနဲ့"
"Aita---- အဲ့ဒီ အင်္ကျီက အဖိုးတန်တယ်။ မိသားစုဝင်အဖြစ် အိမ်တော်မှာနေထိုင်ဖို့ လက်ခံခြင်းခံရသူပဲ ဝတ်ခွင့်ရမှာ။ မင်းနားလည်လား"
"ကျွန်တော်အတွက်တော့ တန်ဖိုးမရှိဘူး။ ဈေးပေါတယ်။ Siaက ဒီအိမ်မှာမိသားစုဝင်ဖြစ်တော့ ဘာလုပ်လို့ရမှာမို့လဲ။ သူကလောကဘုရင်ပဲ။ ဒီထက်ပိုတန်ဖိုးရှိတဲ့ အရာအားလုံးကို ပိုင်ဆိုင်နိုင်တယ်။ Siaကို အပြစ်မပြောနဲ့ မကြိုက်ဘူး"
"Aita---!!! အိမ်တော်ကို မစော်ကားနဲ့"
"သစ်သားတွေနဲ့ ဆောက်ထားတဲ့အိမ်စုတ်။"
"Aita--- မင်း-- မင်း--"
"မှုန်မှုန်မှိုင်းမှိုင်းနဲ့ အရောင်အဆင်းမရှိ၊ လူသေတွေပြည့်နေတဲ့ သင်္ချိုင်းကုန်းလိုပဲ"
Aita၏ စကားများကြောင့် Ashoတစ်ယောက် အံ့အားသင့်စွာငြိမ်လျက် Aitaကိုမျက်လုံးပြူး ကြည့်နေသည်
အရိုင်းအစိုင်းလို့ သတ်မှတ်ခံထားရတဲ့ မိမိတောင် ကိုယ်နားခိုရာ အိမ်တော်ကိုတော့ နိုမ့်ကျသည့်စကားတွေ မပြောရက်နိုင်ပေ
YOU ARE READING
Love Story From Defulo (S3), King Sia
Historical Fictionချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား