Part-94/ အိမ်ရှေ့စံမင်းသား SiaTenki 30/ ကံကြမ္မာမဲ့ သန္ဓေသားငယ် သို့မဟုတ် Baku

404 27 5
                                    

(Yamato-Baku)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Yamato-Baku)

-------------------------------

မင်းကြီးခင်မျာ Sia၏ ဖြစ်ရပ်ကိုကြားသိသိချင်း ရောက်လာပြီး မစားနိုင် မသောက်နိုင်ဖြစ်ကာ သွေးမျက်ရည်တို့ကျလျက် မေ့မြောနေသော Sia၏ ဘေးမှာ နေ့စဉ်ရက်ဆက် ဝမ်းနည်းပူဆွေး၏

"ငါ့သားလေး...."

တစ်ဦးတည်းသော တန်ဖိုးထားရသည့် ကလေးကို လိုက်လံထိန်းသိမ်းဖို့ ကိုယ်တိုင်အားသွန်ခွန်စိုက် ကြိုးစားနေရင်းမှ အစိတ်စိတ် အမွှာမွှာ ပျက်ဆီးရလေပြီ

"မင်းကြောင့်!!!!!"

မင်းကြီးဟာ Aitaအား ဒေါသတရားတို့ဖြင့် ဓါးဖြင့်ခုတ်သတ်ရန်ပင် ရွယ်ခဲ့၏

သို့သော် Sia ဝမ်းနည်းရမည်ကို တွေးမိလျက် ဒေါသကိုဖြေလျော့ကာ ထောင်ထဲထည့်ထားခဲ့သည်

"Sia အသက်မရှင်ဘူးဆိုရင်၊ မင်းလည်း အသက်မရှင်ရဘူး။ မင်း သူနောက်လိုက်သွားပြီး အဖော်လုပ်ပေးရမယ်။"

မင်းကြီးက သခင်တော် Kuroiကို သူ၏နန်းဆောင်မှာ အကျယ်ချုပ်နဲ့ ဖမ်းထားလိုက်၏။

Kuroi နန်းတွင်းသို့ ရောက်ရှိလာသည့် သတင်းပျံ့နှံ့လာသည်နှင့် တပြိုင်နက် Siaအိမ်တော်ရင်းနဲ့ Yamatoအိမ်တော်ရင်းမှာ ဆူညံသွားကြသည်

Kuroiက မင်းကြီးက ကြင်ယာငယ်လောင်း ဖြစ်ခဲ့ဖူးသူဖြစ်သည်။ သုံးမျိုးစပ်သန္ဓေသားမို့ အရံနန်းသန္ဓေကို မွေးဖွားပေးနိုင်သူလည်းဖြစ်၏။

အကယ်၍ Siaမရှိတော့လျှင် Aitaလည်းသေဆုံးရမည်ဟူသည့် အဓိပ္ပါယ်ဖြစ်ပြီး နောက်ထပ်နန်းမျိုးဆက်ကို မွေးဖွားဖို့ရန် ကြိုတင်စီမံထားရသည့် လောကလုပ်ငန်းစဉ်တစ်ခုဖြစ်၏

 Love Story From Defulo (S3), King Sia Where stories live. Discover now