Part-91/ အိမ်ရှေ့စံမင်းသား Sia Tenki 27/ ကိုယ်မပျော်နိုင်ပါ

149 19 1
                                    

အပြင်က ဆူညံသံတို့ကြောင့် Siaဟာ အိပ်ယာမှလန့်နိုးကာ ပင်ပန်းနွမ်းနယ်လျက် နိုးထလာသည်

သူ၏ လတ်တလော ကျန်းမာရေး အခြေအနေက ကျိန်စာပြစ်သင့်နေသော လူတစ်ယောက်ဖြစ်သည်မို့
ဝတ်ပြုဆောင်မှာ အပြစ်ဖြေရင်း စိတ်အနေဖျာက်ယှက်သင်းစွာနဲ့ များများအနားယူ အိပ်စက်ဖို့လည်း လိုအပ်၏

Siaဟာ အိပ်စက်ရာမှ အနည်းငယ် စိတ်မကြည်လင်မှုဖြင့် ထလာပြီး အပြင်ကိုကြည့်ရာ လူချောလူလှလူငယ်တစ်ချို့က ကိုယ်ဗလာဖြင့် ဆူညံပြေးလွှား နေ၏

ထိုလူငယ်တို့ကို တိုးတိုးနေဖို့ရန်နှင့် အဝတ်အစားဝတ်ဖို့ရန် ဆူပူနေသည့် လူတစ်ယောက် အသံကိုလည်း ကြားနေရသော်လည်း လူငယ်တို့က နာထောင်ကြပုံမပေါ်ပေ

"သခင်ကြီးက ဒီလိုမျိုးမှကြိုက်တာ--"

"အေးလေ~ အေးလေ~"

Siaဟာ မိမိ၏ မြင့်မြတ်သန့်စင်သော နေရာမှာ ဒီလိုရွံရှာဖွယ်အခြေအနေကို မြင်လိုက်ရသည့်အခါ အရာရာကို စိတ်အလိုမကျမှုက ငယ်ထိပ်ရောက်ကာ ပိုမိုဆိုးရွားသွားခဲ့သည်

ထိန်းမနိုင် သိမ်းမနိုင်အခြေအနေအပေါ် ဆူပူနေသည့် Makuက ရောက်လာရာ Siaကို မြင်သွား၏

"အရှင်::::: နိုးပြီလား"

"‌ဒါက ဘယ်လိုစုတ်ပဲ့တဲ့ အခြေအနေမျိုးလဲ!!!!!" ဟု Siaက အသံနက်ဖြင့် အော်ငေါက်လိုက်သည့်အခါ အားလုံးလန့်ပြီး ငြိမ်သွားကာ Siaအား လှည့်ကြည့်ကြ၏

Maku က ကပြာကယာပင် အားလုံးကို အတွင်းသို့ ဝင်ခိုင်းပြီး တောင်းပန်သော်လည်း Siaက စိတ်ပြေပုံမပေါ်ပေ

---------------------------------------

Aita တစ်ယောက် သခင်ကြီးနှင့်အတူ တောထဲမှာ သစ်ခုတ်မှ ပြန်လာရာ အိမ်တော်ကြီးထဲမှ အင်္ကျီမပါသော အလှလေးအချို့ တန်းစီလျက် ထွက်လာပြီး နှင်းတောထဲမှာ လက်မြှောက်လျက် ခိုက်ခိုက်တုန် ဒူးထောက်နေကြသည်ကို မြင်လိုက်ရ၏

Aita အထဲကိုပြေးဝင်သွားရာ Sia တစ်ယောက် စိတ်တိုပြီး အထဲကရှိသမျှကို ဓါးနဲ့ခုတ်ပြီး ဖျက်ဆီးထားသည်ကို မြင်လိုက်ရ၏

 Love Story From Defulo (S3), King Sia Where stories live. Discover now