Part-84, Baku ၏ ဝမ်းတွင်းသန္ဓေသား ပျောက်ဆုံးမှုပြဿနာ အဖြေရှာ

282 28 1
                                    

"Baku ဗိုက်ထဲက ကလေးက ကျိန်စာကြွေးသင့်ပြီး ပျောက်ကွယ်သွားတာလဲ ဖြစ်နိုင်ပေမယ့် နောက်တစ်ခုက ---"

ထိုအခါ Ashoဟာ သခင်တော် လူကြီးမင်းတို့၏ ဟန်အမူအယာတို့ကြောင့် စိတ်ပူပန်သွားခဲ့ရ၏

သခင်ကြီးKuroi၏ ဖခင်တော်တို့က သခင်ကြီးအား တစ်ချက်‌လှမ်းကြည့်ရင်း သက်ပြင်းချသည်

သခင်ကြီးတို့က ဖုံးကွယ်ထားသည့် အကြောင်းကိစ္စတစ်ခုခုကို သိနေသူများလို မျက်နှာမကောင်းစွာ ငြိမ်သက်နေ၏

သခင်ကြီး၏ ဖခင်တော် လူကြီးမင်းတို့က Ashoအား အကြံပေးသည်

"Baku ကို မလိခဆိုတဲ့ အရပ်ကို တစ်ခါလောက် အလည်ခေါ်သွားကြည့်လိုက်ပါလား"

"သခင်တော် Asho, အကြောင်းအရင်းကို သတိချင်နေမယ်ဆိုတာ နားလည်ပါတယ်"

"မလိခမှာ Defuloရဲ့ ကျိန်စာယန္တယားနဲ့ အနှိုင်းမဲ့မြေရဲ့ ကျိန်စာယန္တယား ထိပ်တိုက်ဆုံနေလို့ ဆန့်ကျင့်ဘက် ကျိန်စာယန္တယားအချင်းချင်း တွန်းကန်မှုကြောင့် ကြားထဲမှာ ယန္တယားတွေရဲ့ စွမ်းအင်ရောက်မှုမရှိဘူး။ အဲ့ဒီနေရာက သေးငယ်တဲ့ ပြင်ပလောကငယ်လိုပဲ ကျိန်စာစည်းတွေရဲ့ အားအင်သက်ရောက်မှု မရှိဘူး။ အဲ့ဒီရင် လောကရဲ့အကာကွယ်မရနိုင်ပေမယ့် ကောင်းကျိုးအနေနဲ့ ကျိန်စာသင့်မှု အပြစ်ကြွေးတွေကို ရှောင်လို့ရတယ်"

"ကြမ်းတမ်းတဲ့နေရာမို့ အားအင်နဲ့ ဉာဏ်ပညာကြီးမားမှု တစ်ခုတည်းကသာ လောကကို ဦးဆောင်နိုင်တယ်။ သခင်တော်က သဘာဝလူသားလည်းဖြစ်ပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်တဲ့သူဆိုတော့ အဲ့ဒီ‌မှာနေလို့ရနိုင်တယ်။ Bakuလည်း ရောက်ဖူးတာပေါ့"

နောက်ထပ် နောက်ထပ် Bakuဆီမှာ မမြင်ရတဲ့ မည်ကဲ့‌သို့သော ကံကြမ္မာတို့ ရှိနေတာများလဲ

ကျိန်စာယန္တယား၊ ကျိန်စာကံကြမ္မာ၊ သွေးကျိန်စာဆက်နွယ်မှု အထောက်အပံ့၊ အနှောင်အဖွဲ့တို့နှင့် ရှင်သန်ရသည့် Defulo လောကသားလေးအဖို့ ယန္တရားအပြင်သွားရမှာ ကြောက်စရာကောင်း၏

ပြင်ပလောကဟုခေါ်သည့် လနတ်ဘုရား၏ ကျိန်စာယန္တယား စွမ်းအင်သက်ရောက်မှု မရှိသောနေရာမှာ သူတို့ဟာ ပြာမှုန့်လေးအဖြစ်သို့လည်း ပြောင်းလဲသွားနိုင်‌သည်

 Love Story From Defulo (S3), King Sia Where stories live. Discover now