Part-85/ Bakuကို အမှန်တကယ် မွေးဖွားခဲ့သူ ရုပ်ခန္ဓာဖခင်

468 46 19
                                    

Gravity ရောက်တော့ ကြင်ယာကြီးက ညစ်ညမ်းသန္ဓေသားတို့ကို ထားရှိရာ မြေအောက်လောကအရပ်သို့ ကိုယ်တိုင်ဆင်း၏

မြေအောက်လောကဆိုသည်မှာ သေးငယ်သည့် အခြားသော လောကမြေတစ်ခုဖြစ်သည်

ကလေးသေတို့ကို အသက်သွင်းပြီး ပြန်လည်ပြုစုပျိုးသည့် နေရာဖြစ်သည်

ညစ်ညမ်းသန္ဓေသားများဖြစ်သည့်အတွက် ခန္ဓာက သန့်စင်သော ကျိန်စာစည်းတို့၏ ထိန်းသိမ်းထားနိုင်စွမ်းကို ခံနိုင်ရည်မရှိသေးပေ

နှစ်အတန်ကြာ သန့်စင်မှုနှင့် မသန့်စင်မှု ပေါင်းစပ်မွေးမြူပြီး ကြီးပြင်းလာသည့်အခါ ရှင်သန်နိုင်စွမ်း အခြေအနေပေါ်မူတည်ကာ လောကအပြင်ကိုထုတ်ပြီး တစ်စုံတစ်ယောက်၏ သန့်စင်သော အထိန်းသိမ်းခံ ကြင်ယာတော်များအဖြစ် ရောင်းချပေး၏

အထိန်းသိမ်းခံ ကြင်ယာတော်များဟာ အသက်ဝိဉာဉ်ကို စိတ်ဝိဉာဉ်နတ်ဘုရားကို အပ်နှင်းပြီး ရှင်သန်ရသည့်အတွက် လက်ထပ်မှုပြုပြီးမှ အလုံးစုံသော လွတ်လပ်မှုကိုရရှိသည်

ကြင်ယာဖက်ကို သခင်လို ချစ်ခင်ပြီး ပိုင်ဆိုင်သူ၏ အမိန့်တော်တို့ကို တဝေမသိမ်းလိုက်နာတတ်သည်။ ဉာဏ်ရည်ထက်မြတ်ပြီး စိတ်နှလုံးသား သန့်စင်သည်။ ညစ်ညမ်းသန္ဓေသားဘဝမှလာသည်မို့ နာကျင်၊ ဝမ်းနည်းမှု၊ ပူဆွေးသောကတို့ပြည့်နေသော ဘဝဖြစ်တည်မှုကိုလည်း ကောင်းကောင်း လက်သင့်ခံနိုင်သည်။

Defuloမှာ အသက်ရှင်ဖို့ ကံကြမ္မာအရိပ်ခိုရန် လက်ခံမည့် လူသားဖခင်မရှိလျှင် ဖခင်တော်နတ်ဘုရားထံမှ ကောင်းမွန်သော ကံကြမ္မာကို အမွေရယူပြီး မိဘမဲ့အဖြစ် အသက်ရှင်နိုင်သည်။ စိတ်နှလုံးသန့်စင်သောကြောင့် ပြီးပြည့်စုံသော လောကမျိုးဆက်ကိုလည်း မွေးဖွားပေးနိုင်၏

----------------------------------
အရှင်Aitaက ရေနွေးသောက်ရင်း ရေနွေးခွက်ကိုကျော်ပြီး မျက်လုံးလှန်ကြည့်ကာ Ashoမျက်နှာအား သေချာစိုက်ကြည့်၏

Asho၏ မျက်ဝန်းထဲမှာ Bakuနဲ့ပက်သက်ပြီး အနည်းငယ် အလိုမကျမှု တစ်စုံတစ်ရာ ရှိနေ၏

ခဏနေတော့ Sim က ဗရမ်းဗတာ အနေအထားဖြင့် အနားသို့ရောက်လာပြီး ဖြစ်သလိုပင် သူ့အဖေအနားကပ်ထိုင်ကာ Asho ကိုပြောသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now