"အားး))) စပ်တယ်"မနက်မိုးလင်းချိန် လက်ထိပ်က ဆူးဆိပ်ဖြေထားသော ဒဏ်ရာတွေကို Aitaက မြန်မြန်ပျောက်အောင် ဆေးပြင်းတစ်ခုထည့်ပေးသည်။
ယနေ့ထည့်သောဆေးက မနေ့ကဆေးထက် ပိုပြင်းသည့်အတွက် လက်ထိပ်များ ပူပြီးနာသောကြောင့် MoonLay တစ်ယောက် Aitaကို အော်ပြီး လက်မောင်းကို ရိုက်လိုက်၏
"သူ့အသား မဟုတ်တိုင်း"
Aita ပြန်လှည့်ကြည့်လိုက်သောအခါ MoonLayတစ်ယောက် ပါးစပ်ပိတ်၍ ပေကလပ်ပေကလပ်ဖြင့် အကြည့်လွှဲကာ အသံပြောင်းသွားသည်
"ကြင်ယာကြီး~~
MoonMoon လက်~ နာ~ နာ~""ငြိမ်ငြိမ်နေ... ထပ်ပြီး ကိုင်ပေါက်သတ်တာ ခံချင်လို့လား""
"မနေ့က Sia ထည့်ပေးတဲ့ဟာက မနာဘူး"
"အခုထည့်နေတာ Sia မဟုတ်ဘူး.... ငြိမ်ငြိမ်နေ"
"မနက်က ပန်းတွေ ပန်းပွင့်နေတာတွေ့တယ်... ပန်းတွေကို MoonMoon ကြွေအောင် မလုပ်ထားဘူးဆိုတာ ယုံပြီမလား"
"အဲ့ဒါ ညက ကျိန်စာပုံပြင်ကျမ်း ရွတ်ထားလို့ ပြန်ပွင့်နေတာ... နောက်တစ်ခါ ပန်းခြံထဲမှာလက်ကမြင်းရင် မင်းကိုအိမ်ပြန်ပို့မယ်"
"အာ့"
"ငါအနားမှာဆက်နေချင်ရင် စိန့်နဲ့ ဝေးဝေးနေ.."
Aitaတစ်ယောက် ပြောရင်းနဲ့ ပြန်တွေးကာ စိတ်တိုလာ၍ ခေါင်းကိုထပ်ခေါက်လိုက်၏
ခွပ်----
MoonLayက လက်မောင်းကို ပြန်ရိုက်သည်
"နာတယ်"
"ငါ့ကို ဒေါသထွက်အောင် လုပ်ပြီးတော့...!!"
"MoonMoonက အဲ့လိုလူမဟုတ်ပါဘူး.... ကြင်ယာကြီးကိုပဲ ချစ်တာ"
"ပါးစပ်ပိတ်!!! ငါ့ကို ချစ်တယ်ထပ်ပြောရင် မင်းပါးစပ်ကိုဆွဲဖြဲမယ်"
ထို့စဉ် အရှင်Siaရောက်လာ၏
"ကလေးလက် ဆေးစည်းနေတာလား"
Sia အသံကြားသည့်နှင့် MoonLayတစ်ယောက် မျက်ရည်ကြီးပေါက်ဖြင့် အသံကျယ်ကျယ် ငိုပြသည်
"Aita.. ကလေးကို အနိုင်မကျင့်နဲ့~" ဟု Siaက လှမ်းဆူလိုက်သည်
ထိုအခါ Aitaက ဘုန်းဆို MoonLay ကျောကုန်းကို ထပ်ထုလိုက်၏
YOU ARE READING
Love Story From Defulo (S3), King Sia
Historical Fictionချုပ်နှောင်ထားသော စိတ်၀ိဉာဥ်နှင့် မှားယွင်းစွာ သန္ဓေတည်လာသော ကိုယ့်နှလုံးသား