Part 54, ရိုးသားကြိုးစား ဖိုးသခွားလေး Maku 5

258 45 2
                                    

"နှစ်ဦးသား မင်္ဂလာဦးအကြိုနေ့ရက်များကို ချင်ခင်ရင်းနှီးမှုပြု အတူဖြတ်သန်းပြီး ခုနှစ်ကြိမ် ပေါင်းစည်းမှုပြုတဲ့အခါ သွေးသန္ဓေရဲ့ ကံကြမ္မာကိုရရှိပါပြီ။ အဲ့ဒီအခါ ဓါတ်ခွဲခန်းက သန္ဓေသား အသက်ရှင်သန်လာပါလိမ့်မယ်"

သခင်ကြီး Kuroi ၏ မင်္ဂလာတော်ကာလ ပြီးသောအခါ သူတို့နှစ်ယောက် သမုဒယနတ်နန်းမှာ စတင်ပြီး လက်ထပ်စာရင်းသွင်း၏

နတ်နန်းကနေပြန်လာပြီး အိပ်ယာတစ်ခုတည်း အတူတူ အိပ်ရင်း သံယောဇဉ်တိုးပြီး ပိုမိုရင်းနှီးဖို့ အစီစဉ်ချကြသည်

"ငါတို့အခု ပေါင်းစည်းလို့ မဖြစ်သေးဘူးမလား"

"omm... မင်္ဂလာဦးအကြိုနေ့ကို အရင်ဖြတ်သန်းပြီး ရင်းနှီးအောင်လုပ်ရဦးမယ်"

"ဟုတ်တော့ ဟုတ်တယ်။ ကျွန်တော်တို့ အခုမှစတွေ့တာဆိုတော့ အချစ်က မရှိသေးဘူး"

"ငါ နေ့တိုင်း မင်းဆီလာတွေ့မယ်... သခင်ကြီးကို ကြိုပြောထား"

"ဟုတ်"

"သခင်ကြီးက ငါနဲ့သဘောမတူရင် Usaraကိုသွားပြီး သုံးရက်လောက် အခစားဝင်ရတော့မှာပေါ့"

"ကျွန်တော့်အတွက်နဲ့ အခစားဝင်ပေးတာလား"

"အင်း။ အိမ်တော်အချင်းချင်း အိမ်တော်သခင်ကနေ အစေခံအထိ ကြင်ယာတော်ဖြစ်၊ ကြင်ယာဖက်ဖြသ်ဖြစ် ကိုယ့်အိမ်တော်ဘက်ကို အပိုင်ခေါ်သွားချင်ရင် အပြန်အလှန်အနေနဲ့ မိသားစုအဖြစ်လက်ခံမှုရယူဖို့ တစ်ပတ်ကနေ အဆင့်အတန်းပေါ်မူတည်ပြီး တစ်လ ကိုးသီးတင်း ‌အခစားဝင်ရတယ်။ အဲ့ဒါဆိုရင် သူတို့က သက်ဆိုင်ရာ အမွေတစ်ခုခု အပိုင်ပေးတယ်"

"ကျွန်တော်ကတော့ ဘာအမွေမှ မရလောက်ဘူး"

"Usara က Shouyu မျိုးရိုးအမည်ခံတော့ ရတာပေါ့"

"Usara- Shoyu Maku~ အဲ့ဆို ကျွန်တော်က အခု Shoyuအစေခံဖြစ်နေပြီဆိုတဲ့ သဘောပေါ့"

Makuက အလန့်တကြားပြောလိုက်တော့ Moshi က ရယ်သည်

ခဏခဏ အပြစ်ဖြေနေရသည် သူခိုးဘဝကနေ ယောက်ျားကောင်းနဲ့ လက်ထပ်ရလို့ သူ့ဘဝကြီး မျိုးရိုးမြင့်သို့ ပြောင်းလဲပြီဆိုတာကို မယုံနိုင်ဖြစ်နေ၏

 Love Story From Defulo (S3), King Sia Where stories live. Discover now