Part-81/ အိမ်ရှေ့စံမင်းသား Sia Tenki 22/ မင်းဟာ ငါ၏ဒုတိယသားငယ်

199 32 6
                                    

Fuitaက မင်းကြီးအား အခစားဝင်ပြီး အရိုအသေပြု၏

"Yamato သခင်တော်Fuitaပါ အရှင်"

"သခင်လောင်းဘဝကနေ သခင်တော်‌ဘဝတောင် ရောက်နေပြီ။ အသက်ငယ်ငယ်နဲ့ တာဝန်တွေ အများကြီး ထမ်းဆောင်နိုင်တာပဲ သခင်တော်Fuita"

"လောကကို စောင့်ရှောက်ပေးနေတဲ့ အရှင့်ရဲ့ ကျေးဇူးတွေကြောင့်ပါ~"

"ကိုယ်တော့်ကို တွေ့ခွင့်တောင်းတယ်လို့ ပြောတယ်... Aita နဲ့ ပက်သက်ပြီး ပြောချင်တာရှိလို့မလား"

"အရှင်::: ဘာလို့ Aitaကို လွှတ်ပေးနေတာလဲ။ အဲ့ဒီလိုမလွှတ်ပေးဖို့ လာတောင်းဆိုချင်လို့ပါ"

"သူက ကလေးပဲရှိသေးတယ်၊ မကောင်းတဲ့ စိတ်မရှိဘူး။ Siaကို စိုးရိမ်နေမယ်ထင်တာနဲ့ လွှတ်ပေးထားတာ"

"အဲ့ဒါဆို ဘာလို့ခိုးဝင်တာကိုမှ ခွင့်ပြုတာလဲ။ အရှင် ဖိတ်ခေါ်လို့ရရဲ့သားနဲ့"

ထိုအခါ မင်းကြီးက Fuitaအား ငြိမ်သက်စွာ ပြန်ကြည့်နေသည်

Fuitaဆိုသည့် ကျားရဲလေးက Aitaထံမှ ကံကြမ္မာလွှမ်းမိုးခံထားရပေမယ့် စိတ်ဓါတ်ကတော့ Yamato အိမ်သားတွေအတိုင်း ပြောင်းလဲခြင်းရှိပုံ မပေါ်ပေ

"ကိုယ်တော်က Aitaကို မကောင်းတဲ့အရာတွေ ကျူးလွန်ဖို့ တွန်းအားပေးနေတယ်လို့ သခင်တော်က ဆိုချင်တာလား"

"ဟုတ်တယ်"

မင်းကြီးက တစ်ချက်ရယ်သည်

"ကိုယ်တော့်ကို ဘယ်သူမှ အဲ့ဒီလိုမေးခွန်းမထုတ်ရဲဘူး။ ဘုရင်တစ်ပါးအနေနဲ့ ဒီလိုမေးခွန်းမျိုးက နိမ့်ကျတဲ့ စိတ်သန္ဓေရှိနေတယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ"

"ကျွန်တော်မျိုးတို့က လောကကို အထောက်အပံ့ပေးဖို့ ကျိန်စာစည်းကမ်းတွေနဲ့အညီ အသက်ရှင်နေကြတဲ့ သန့်စင်တဲ့ အိမ်တော်ကြီးမျိုးဆက်တွေပါလေ အရှင်။ အရှင်နဲ့ ဒီလိုမျိုး မျက်နှာချင်းဆိုင်ပြီး စကားပြောနိုင်လောက်အောင် အဆင့်မနိမ့်တဲ့သူတွေ မဟုတ်လား။"

"သခင်တော်က Aitaကို တော်တော် အလေးထားပုံပဲ။ ကိုယ်တော့်ကိုတောင် သံသယစိတ်ရှိနေတာဆိုတော့"

 Love Story From Defulo (S3), King Sia Where stories live. Discover now