Part-36, လပြည့်ဝန်းငယ် MoonLay 5

439 71 17
                                    

Aitaဟာ လရောင်အောက်၌ ဖျော်ရည် ဝိုင်အရက်နှင့် အကြမ်းရေ ဖျော်စပ်ခြင်းကို လုပ်နေရင်း ကြင်ယာထိန်းနှစ်ဦးနှင့် စကားဆိုနေ၏

"MoonLay... မင်းသားဆီ ပြန်သွားပြီလား"

"မင်းသားက လာပြန်ခေါ်ပေမယ့် သူကလိုက်မသွားပါဘူး ကြင်ယာကြီး"

"ဟုတ်လား၊ အမှတ်သည်းခြေတော့ရှိသား၊ စကားများများဆိုတတ်တဲ့ အဖော်အစေခံယောက်‌ နှစ်ယောက်လောက် လွှတ်ပေးလိုက်"

"rr~~ ကျွန်တော်မျိုး လွှတ်ပေးပြီးပြီ အရှင်၊ ဒါပေမယ့် အဆောင်တော်မှာ သူမရှိဘူးတဲ့၊ အရှင်Sia က တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ လာခေါ်သွားတယ်လို့ အထိန်းတော်ကပြောပါတယ်တဲ့"

"ဒီ~~~"

Aitaဟာ လက်ထဲက ကရားအိုးငယ်ကို အက်သွားသည်အထိ ဆုပ်ချေလိုက်၏

"သူက ဘာကိစ္စခေါ်သွားပြန်ရတာတုန်း~"

"အဲ့ဒါတော့ မသိပါဘူး၊ အထိန်းတော်က ပြောလိုက်တာဆိုတော့ အထိန်းတော် ဒီမှာကျန်ခဲ့တယ် ထင်တယ်၊ တပ်မှူးYenကိုလည်း ထားခဲ့တယ်တဲ့ အရှင်၊ တပ်မှူးYen အရှင့်ဆီ အခစားဝင်ဖို့ အဆောင်ကို အခုပြန်ရောက်နေတယ်"

"သူ့ကို ခေါ်လိုက်"

ထိုစဉ်အခိုက် Yenက Aita၏ အဆောင်တော်အတွင်းသို့ ဝရံတာမှ ခုန်တတ်လာ၏

"အရှင်~ ကျွန်တော်မျိုး အနားမှာ ရှိနေပါတယ်"

"သူ ငါ့ကိုဘာပြောခဲ့လဲ"

"ကြယ်တာယာပွဲကို သွားမယ်လို့ ပြောခဲ့ပါတယ်"

Aitaက ကိုယ်ပေါ်က အဝတ်စကိုဆွဲခွာပြီး ကြမ်းပြင်သို့ ပစ်ပေါက်ကာ အဝတ်လဲရန် ထသွား၏

"မြင်းပြင်ထား!!"

"ပြင်ထားပါတယ် အရှင်~"

"Sia-Tenki... ဘုရင်ဆိုပြီး ငါ့ကိုအာဏာပြနေတာ~ ခွေးသားလေး--"

"ဘုရင်ကို မဆဲရပါဘူး~ အရှင်"

ကြင်ယာထိန်းတို့ဟာ အနေအထိုင် အပြောအဆိုနှင့် ပက်သက်ပြီး သတိပေးစကားကို ဆက်တိုက်ဆိုရင်း အနောက်က လိုက်သွားကြသည်

"ငါ့ကို တမင်သက်သက် စိတ်ရှုပ်အောင် အမျိုးမျိုး လုပ်နေတာ၊ သူ့ကို ဘုရင် မဖြစ်ခင်ကတည်းက ငါရိုက်သတ်ခဲ့သင့်တယ်"

 Love Story From Defulo (S3), King Sia Where stories live. Discover now