Part-49

299 43 1
                                    

"ငါမင်းကို အရမ်းချစ်တာပဲ Aita"

Sia၏ ချစ်စကားများက သူ့နှလုံးသားမှာစွဲထင်သော ပထမဆုံး အမုန်းစကား မှတ်ဉာဏ်ကို ဖျက်ဆီးလို့မရခဲ့ပေ

"မင်း ငါ့ကိုချစ်တာ ငါသိပါတယ်။ ဒါပေမယ့် ငါတို့ရဲ့ တွေ့ဆုံမှုကိုတော့ မလိမ်ညာပါနဲ့။"

Aitaက ဘယ်လိုဖျောင်းဖျဖျ Siaဟာ သူ့အစ်ကိုကြောင့်သာ သူ့ကိုအလိုရှိခဲ့သည်ဟု ယူဆသည်

"ငါက ဒုတိယလူ"

"မင်းက ပထမဆုံးလူပါ"

Aitaက ပန်းခင်းကြားက မြက်ခင်းပြင် ခင်းထားသည့် Sia၏ ကတ္တီပါနှင်းဝံပုလွေ မွှေးပွဝတ်ရုံပေါ်မှောက်ကာ နှင်းဆီပြာ၏ ပွင့်ဖတ်များကိုခြွေပြီး လေထဲမှုတ် ဆော့ကစားနေသည်

Siaဟာ အငြင်းစကားမဆိုတော့ပဲ Aita၏တင်ပါးကို လှမ်းရိုက်ပြီး ဗလာကျင်းကျောပြင်ကိုနမ်းကာ တင်းကြပ်စွာဖက်ပြီး အိပ်လိုက်သည်

"ဟုတ်တယ်။ ဘယ်လိုဖြစ်ဖြစ် မင်းက ငါ့အနားမှာ အတူရှိတယ်"

ထိုစဉ် အအေးဓါတ်၏ လွန်ကဲမှုကို ခံစားလာရ၏

"ရာသီစက်ဝန်းချိန် ပြောင်းတော့မယ်" ဟု Aitaက သတိပေးစကားဆိုသော်လည်း Siaက သူ့ကျောပေါ်မှ တုပ်တုပ်မလှုပ်ပေ

Siaက ဆို၏
"အဲ့ဒါဆို မင်း ငါ့ကို နွေးထွေးတဲ့နေရာ ခေါ်သွားပေးလေ"

-----------
နေ့ခင်း၌ အိမ်တော်အရှင်က အစေခံငယ်တစ်ချို့ဖြင့် အကြမ်းရည်နှင့် အချိုမုန့်ယူလာကာ ဆက်သစဉ် နှစ်ဦးသား မရှိကြပေ

မှန်ပြတင်းမှ လှမ်းကြည့်သည့်အခါ Aitaက Siaခြေထောက်နာနေ၍ ကျော‌ပိုးပြီး ပန်းခင်းကြားမှ လျှောက်လာသည်ကို အဝေးသို့လှမ်းမြင်လိုက်ရသည်

"မင်း ငါ့ကို မနိုင်ဘူးမလား၊ ညောင်းနေပြီမလား၊ ငါပြန်ပိုးပေးရမလား"

"ပါးစပ်ပိတ်၊ မင်းက ဘယ်လောက် လေးနေလို့လဲ"

"ငါက မလေးပေမယ့်၊ ငါ့အဖေက အရမ်းလေးတာ-- ငါ ဒီလိုလုပ်ရင်ရော--" Siaက ကျောပေါ်ကနေ ကိုယ်ကိုလှုပ်ရမ်းသည်

Aitaက တောင်ကုန်းလေးပေါ်ကနေ ခြေယိုင်ကာ ပြုတ်ကျမလို ဖြစ်သွား၏

 Love Story From Defulo (S3), King Sia Where stories live. Discover now