Part-96/ အိမ်ရှေ့စံမင်းသား SiaTenki 32/ အိမ်တော်ရှင်Xingyi ဘဝတမလွန် ကူးပြောင်း

142 14 6
                                    

Part-96/
နန်းတတ်မင်းသား SiaTenki 32/

(အိမ်တော်ရှင်Xingyi ဘဝတမလွန် ကူးပြောင်းခြင်းနှင့် Aita လောကပြစ်ဒဏ်သင့်ခြင်း)

-----------------------------
Aitaဟာ Sia၏ ဝမ်းဗိုက်ပြင်အာား အနောက်ကနေ လက်နဲ့လှမ်းကိုင်လျက် ပွတ်သပ်သည်

Sia လည်ပြန်လှည့်ကြည့်သည့်အခါ ရင်သားတို့ကို ဆုပ်ကိုင်ဖိညှစ်လျက် ရင်ခွင်ထဲမှာ တင်းနေအောင် ဖက်ကာ နှုတ်ခမ်းလေးကို ခပ်ကြမ်းကြမ်းလေး နမ်း၏

"ကြမ်းတာကို သဘောကျတယ်မလား"

ထိုအခါ Siaက အိပ်ချင်မူးတူး ရယ်သည်

"~~ခွေးသားလေး ငါအိပ်နေတာကို:::"

"ဒီဘက်လှည့်လေ~။ ငါ့ရင်ဘက်နဲ့ မင်းရင်ဘက်ထိပြီး အနွေးဓါတ်ယူကြမယ်။"

Aitaက ခပ်သော့သော့ ကျီစယ်စကားကိုဆိုလျက် အနောက်ကနေ ခန္ဓာကိုယ်အောက်ကို လက်ကစားတော့ Siaဟာ တိုးညင်းစွာပင် ရယ်မောလျက် ရုန်းကန်သည်။

"Aita...hkk-- ကိုယ်တော် အိပ်ချင်တယ်"

"Hk Hk Hk--"

နှစ်ဦးသား အိပ်ယာထက်၌ လုံးထွေးလျက် အပြန်အလှန် သတ်ပုတ်ရင်း ရယ်မောကြပြီး တစ်ခဏ၌ အသံတိတ်သွားကြ၏။

ရွှင်မြူးနေသော ရင်ခုန်သံအပိုင်းအစတို့ တစ်ဖန် လှုပ်ရှားလာခဲ့သည်

ဦးခေါင်းရင်းမှာ ထွန်းညှိထားတဲ့ စေတမန်နတ်ဘုရား၏ ဖယောင်းတိုင်မီးလေးလို အသက်ရှုသံတို့ ငြိမ်သက်စွာ ဝေ့ဝဲနေသည်

Aitaဟာ Sia၏ အကြင်နာမျက်ဝန်းတွေအား စိုက်ကြည့်နေသည်

ထိုအကြည့်တို့၏ အဓိပ္ပါယ်အား အလိုလို ခံစားမိခိုက် Siaက Aita၏ နှုတ်ခမ်းလေးကို လှမ်းနမ်း၏

"Aita--"

"အင်း~"

"ငါတို့ အမြဲတမ်း အတူတူနေကြမယ်နော်။"

Aitaထံမှာ အကြိမ်ကြိမ်အခါခါ တောင်းခံခဲ့သော ကတိစကားငယ်---

"ငါ့မှာ မင်းကလွဲပြီး ကျန်တာဘာမှမရှိတော့ဘူး။ နတ်ဘုရားတွေက ငါတို့ပုန်းနေတဲ့နေရာကို ရှာတွေ့သွားပြီး အပြစ်ဒဏ်ပေးလို့ မင်းကငါ့ကို ထားသွားရမယ်ဆိုရင် ငါဘယ်လိုလုပ်ရပါ့မလဲလို့ ငါ့ကိုယ် ငါကြိုတင်ပြင်ဆင်ဖို့ ပြန်မေးမိလိုက်တိုင်း ငါ့မှာအဖြေမရှိဘူး"

 Love Story From Defulo (S3), King Sia Where stories live. Discover now