Part-51, ရိုးသားကြိုးစား ဖိုးသခွားလေး Maku 2

214 32 0
                                    

"မင်းတို့ အကျီတွေ ပျောက်လာကြတယ်ဆို~~"

"ဟုတ်~~"

အိမ်တော်ခွဲဖြင့် သခင်ကြီးဟု အမည်ခံထားသော Usaraသခင်လေး Kuroi....

Usara ဟာ ဆေးအိမ်တော်ဖြစ်သည်
Santa ဟာ ပန်းအိမ်တော်ဖြစ်၏

Kuroiက ဆေးပညာရပ် ကျွမ်းကျင်သည်

သုံးမျိုးစပ် သန္ဓေသားဖြစ်သည့်အပြင် မူမမှန်သန္ဓေသားဖြစ်သည့်အတွက် ချောမောပြေပြစ်သော ရုပ်ရည်ရှိသည်

နဖူး နှာတံ မျက်နှာကျ အကြည့်တို့ဟာ အချိန်တိုင်း တစ်လောက်လုံးကို မထီမဲ့မြင်ဆန်၏

လိင်လုပ်သားတွေနဲ့ အချိန်ကုန်နေလေ့ရှိသော သူ့ကို စွန့်ပယ်ထားသော လောကကြီးအား သူကလည်း ဂရုမစိုက်ဟန်ထားသည်

"ငါ့ကို အလိုမရှိတဲ့ လူတွေကို ငါကလည်း အလိုမရှိဘူး... ငါ့ကို အလိုရှိတဲ့သူကိုပဲ ငါအလိုရှိတယ်"

ဆေးအိမ်တော်နဲ့ ပန်းအိမ်တော်ဟာ အပြန်အလှန် အမှီသဟဲပြုကြသည့် မိတ်ဖက်အိမ်တော်ကြီးများဖြစ်ကြ၏

Kuroi ဆိုးသွမ်းသည့်သတင်းဆိုးကြောင့် Kuroiကို ဆေးအိမ်တော်က နှင်ထုတ်ရန် ပန်းအိမ်တော်က အကြံပေးသည်

ထို့ကြောင့် Kuroiက ပန်းအိမ်တော်က Shiroကို ကြင်ယာတော်တင်ရန် ဖမ်းခေါ်လာသည်

Shiro က ပန်းလေးလိုအလှရှိပြီး ကျန်းမာသန်းစွမ်း၏။ အစ်ကိုဖြစ်သူ Xingyi က သွေးအားနည်းသန္ဓေရှိ၍ ပန်းအိမ်တော်က Shiroi ကို သွေးမျိုးဆက်အတွက် အလေးထားကြသည်

မျိုးရိုးအပိတ်ခံရလို့ ကလေးမယူရသော Kuroi နဲ့ ညားသောအခါ ပန်းအိမ်တော်ခွဲလည်း မျိုးဆက်ပြတ်လေ၏

----------

"မင်းတို့လုပ်ပုံကြောင့် Yamatoသခင်တော်က ဘယ်လိုမြင်သွားပြီထင်လဲ!!!"

"ဘာလို့ ဒီနေ့မှ ဒီလိုဖြစ်ကြတာလဲ"

"အကုန်လုံး နှင်းတောထဲသွားရပ်နေ!!!!!!'

အင်္ကျီပျောက်လာသည့် လိင်လုပ်သားများကို Kuroi ၏ ဆူပူသောင်းကျန်းနေသော အသံနှင့်အတူ သခင်လေး၏ ရေစည်အတွင်းမှ ခပ်အဲ့အဲ့ ငိုသံလေးကို ကြားရသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now