Part-99, အိမ်ရှေ့စံမင်းသား Sia Tenki End/ ဒုတိယံ ဘဝသစ် စတင်ခြင်း

242 29 10
                                    

Yama မင်းကြီးက ကလေးနှစ်ဦး၏ ခန္ဓာကို လက်တစ်ဖက်ဆီမှာပွေ့ချီလျက် လောကချောက်ကမ်းပါးမှတတ်လာပြီး ခြောက်သေတောမှ တစ်လှမ်းချင်း ပြန်ထွက်လာသည်

သူ၏အနောက်မှ Aitaအား ဝိဉာဉ်ခိုးယူမှုအတွက် အပြစ်ဒဏ်ကျစေရန် ရှာဖွေနေသော မရဏကျိန်စာငှက်တို့၏ အသံမှာ ဆူညံပွက်လောရိုက်နေသည်

Aitaအား ဝိဉာဉ်နုတ်ရန် ပြေးလိုက်လာသော ကျိန်စာငှက်တစ်ကောင်အား အသာအယာဖြင့် လည်မျိုကို ဖမ်းဆုပ်လျက် မြေကြီးနဲ့ ရိုက်သတ်ပစ်လိုက်၏

ထို့နောက် မင်းကြီးဟာ ကောင်းကင်ယံကို တစ်ချက်ကြည့်လျက် လက်ဖြင့်ဝေ့ရမ်းလိုက်သည့်အခါ တစ်လောကလုံး တုန်ခနဲလှုပ်ရမ်းပြီး ဆူညံနေသော အသံဆိုးများ ချက်ချင်း လွင့်စင်လျက် ပျောက်ကွယ်သွားသည်

"--နားညည်းတယ်:::"

ရင်သွေးနှစ်ဦးလုံးဟာ လောက၏ဖိအားဒဏ်ကို ခံနိုင်ရည်မရှိပဲ မင်းကြီး၏ ပုခုံးပေါ်မှာ အသက်ရှုခြင်းကင်းစွာ ငြိမ်သက်နေကြ၏

Fuitaဟာ မင်းကြီး၏ အရှေ့မှာ မျက်ရည်တို့ဖြင့် ခေါင်းငုံ့လျက် ငြိမ်သက်နေသည်

"ငါက ဒီကလေးနှစ်ယောက်ကို တာဝန်ယူမှုမှားယွင်းခဲ့ခြင်းအပြစ်အတွက် ခံယူမယ်ဆိုရင်၊ မင်းက သူတို့နှစ်ဦးကို တွေ့ဆုံမှု မှားစေခဲ့ခြင်း အပြစ်ကို ခံယူရမယ်"

မင်းကြီးဟာ နှုတ်ဖျားမှ ခြိမ်းခြောက်သံသဲ့သဲ့ပါသော စကားတို့ဟာ ရှေ့မဆက်တော့ပဲ ငြိမ်သက်နေခဲ့သည်။ သူ၏ မျက်နှာဟာ တည်ငြိမ်နေသော်လည်း လက်သီးဆုပ်တို့ကတော့ ရင်ထဲက လောင်မြိုက်နေသော ဒေါသတရားကို ဖော်ပြနေသည်

"ငါ မင်းရဲ့ဖခင်တွေကို ကလေးနှစ်ယောက်ကို အချင်းချင်း မတွေ့ဆုံစေဖို့ ကျိန်ဆိုခိုင်းခဲ့တယ်။ သူတို့နှစ်ယောက် တွေ့ဆုံမိတာနဲ့ ရှုပ်ထွေးတဲ့ကံကြမ္မာအစပြုပြီး ငါ့ရဲ့မမှန်ကန်ခဲ့အတွေးတွေက ငါ့အပေါ်ပြစ်ဒဏ်သင့်ပြီမို့--

--- ဒါပေမယ့် သူတို့က ငါ့စကားကို နားမထောင်နိုင်ခဲ့ကြဘူး.... သူတို့ကို ဘာလုပ်သင့်တယ်လို့ မင်းမြင်လဲ"

Fuitaဟာ မင်းကြီးအား မြေပြင်မှာဝပ်တွားလျက် ဦးညွှတ်ရှိခိုးသည်

 Love Story From Defulo (S3), King Sia Where stories live. Discover now