20

713 87 9
                                    


 

အိပ်ယာနိုးလာတော့ အနားမှာ Aitaက အတူရှိနေသည်

ရင်ခွင်နွေးနွေးကြီးအထဲ၌ သူရှိ၏

MoonLay လှုပ်ရှားလာတော့ Aitaက မျက်ဝန်းဖွင့်ကြည့်သည်

ထို့နောက် ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက်၏

"ကြင်ယာကြီး..." ဟူသော ငိုသံပါ အသံငယ်လေးဖြင့်ဆိုကာ ရင်ခွင်ထဲသို့ခိုဝင်သည်

ထို့နောက် Aitaက MoonLayအား ပြော၏

"စိတ်နှလုံး ၀ိဉာဉ်ကို ဒီညပြန်ပြင်ရလိမ့်မယ်... အဲ့ဒါကြောင့် နေမ၀င်ခင် အိမ်တော်ရင်းကို ခဏသွားရအောင်"

~~~~~~

ညနေစောင်းလေးတွင် Aitaဟာ ဖခင်နှစ်ဦး၏ အိမ်တော်သို့ MoonLayကို ခေါ်ပြီး ရောက်ရှိလာသည်

ဖခင်ဖြစ်တို့က ကောင်းကောင်းမွန်မွန်ပင် ရိုသေစွာ ဧည့်ခံ၏

"အိမ်တော်ကို ဖခင်တို့နဲ့ လမ်းလျှောက်ထွက်ချင်လို့" ဟု Aitaက ရောက်လာသည်နှင့် စကားစသည်

ဖခင်ဖြစ်သူတို့က ရုတ်တရက်မို့ ဘာကြောင့်များလဲ ဟူသော အကြည့်တို့ဖြင့် စိတ်ဝင်တစားရှိနေ၏

"ကြင်ယာကြီးလာတယ်.... ကြင်ယာငယ်လေးပါလာတယ်" ဟု တီးတိုးစကားများကို ဆိုလျက် လိုအပ်သည်များကို မှာကြားကြသည်

စူးစမ်းလိုစိတ်တို့ဖြင့် မိမိနှင့် MoonLayအား ချောင်းကြည့်နေကြသည်ကိုလည်း Aitaဟာ သိသည်

MoonLayက နှစ်ယောက်တည်း အိမ်တော်ကိုလာရတော့ ကျောက်ရုပ်လိုဖြစ်နေ၏

"တွေ့-- တွေ့ရတာ ဝမ်းသာပါတယ်.. သခင်ကြီး"

"Arr~~ Pacilo အိမ်တော်က အိမ်တော်ထိန်း Moshiရဲ့ မျိုးဆက်ဆိုတာတော့ ကြားမိပါတယ်"

"Bakuကို လက်ခံပေးတာ ကျေးဇူးတင်ပါတယ်"

ထိုအခါ Aitaက ကြားဖြတ်ပြောသည်

"ကျေးဇူးတင်ဖို့ မလိုဘူး... မင်းက သူတို့အတွက် ကူညီပေးထားတာ"

Aitaက ထိုစကားကိုဆိုတော့ MoonLayနှင့် ဖခင်ဖြစ်သူတို့ကြား တိတ်ဆိတ်သွားပြန်၏

သူတို့ဟာ MoonLayကို အလွန်သဘောကျခဲ့ကြသူများ မဟုတ်ခဲ့ပေ... Baku နာမည်ပြောင်းသည့် မျက်နှာဖြင့် ကြည်ကြည်သာသာ ရှိခဲ့ကြခြင်းဖြစ်၏

 Love Story From Defulo (S3), King Sia Where stories live. Discover now