Part-98, အိမ်ရှေ့စံမင်းသား SiaTenki 34/ MoonLayအား မွေးဖွားခြင်း

266 22 1
                                    

Part-98/
နန်းတတ်မင်းသား SiaTenki 34/

(MoonLayအား မွေးဖွားခြင်းနှင့် Siaသေဆုံးခြင်း)

-------------------

သခင်ကြီးYimaက နန်းတော်သို့ ကိုယ်တိုင်ဝင်လျက် Sia အခြေအနေ စိုးရိမ်ရကြောင်း လျှောက်ထား၏

"ရုပ်ခန္ဓာ ဆုံးပါးသွားနိုင်တဲ့ အခြေအနေပါ အရှင်။ ရုပ်ခန္ဓာ ဆုံးပါးခဲ့မယ်ဆိုရင် မင်းသားရဲ့ ကံကြမ္မာပေစာက ရုတ်သိမ်းခံရမှာပါ"

"သူတို့နှစ်ယောက်ကို လွတ်လပ်ခွင့်ပေးလိုက်တော့မယ်။ ကိုယ်တော် ကြင်ယာငယ် တစ်ယောက် ထပ်ယူမယ်လို့ စဉ်းစားထားတယ်

"သခင်ကြီး Kuroi လား။ အဲ့ဒါဆို သူ့ရဲ့အိမ်ရှင်တော် Shiroကိုပါ လက်ထပ်ရလိမ့်မယ်။ မသင့်တော်ပါဘူး အရှင်။ Kuroiက သုံးမျိုးစပ် သန္ဓေသားမို့ ဘဝနှစ်ဘဝရှိပေမယ့် မသင့်တော်ပါဘူးအရှင်။"

"သူက Aitaရဲ့ မွေးစား ဖခင်တော်အနေနဲ့ ခံယူထားတယ်။ သူ့ကို လက်ထပ်တာ ပိုအဆင်ပြေတယ်။ သူတို့နှစ်ယောက်က ကံကြမ္မာစပ်ဆက်နေတဲ့ သူတွေပဲ။ နောက်ထပ် နန်းကံကြမ္မာကို မွေးဖွားပေးနိုင်‌လိမ့်မယ်"

"ကျွန်တော်မျိူးရဲ့ သားငယ်ကို မွေးစားတာလား"

"ဟုတ်တယ်။ ဖခင်နေရာကနေ စိတ်ဝိဉာဥ်နတ်ဘုရားဆီကနေ Aitaကိုတောင်းခံပြီး Siaနဲ့ လက်ထပ်ပေးခဲ့တာ"

"ကျွန်တော်မျိုးတို့က Fuita လက်ထပ်ပေးခဲ့တယ် ထင်နေတာ။"

"မင်းတို့ လူမှားအပြစ်တင်မိခဲ့ပြီပေါ့"

"ဒုက္ခပါပဲ။ အရှင်"

သခင်ကြီး၏ ငြီးတွားရေရွတ်သံကို မင်းကြီးက ကောင်းကောင်း နားလည်သဘောပေါက်၏

"လုပ်စရာရှိတာ ဆက်လုပ်လိုက်ပါ။ ကိုယ်တော့်ကို အားမနာပါနဲ့။ Kuroi သွားစရာနေရာမရှိတော့ပဲ ကိုယ်တော်ဆီကို ရောက်လာစေချင်တယ်"

--------------------------

Yamatoဟာ သူ၏ သွေးသားကို အခြားမျိုးရိုးသို့ ပေးခြင်းမရှိပေ

Kuroi က ဖခင်အဖြစ်ခံယူထားသောအခါ Kuroiကို ဖယ်ရှားဖို့ ကြိုးစား၏

"မင်းကြီးက သခင်တော်Kuroiကို ပြေးစရာမြေမရှိအောင် မျက်ကွယ်ပြုထားမယ့်ပုံပဲ"

 Love Story From Defulo (S3), King Sia Where stories live. Discover now