Part-62, အိမ်ရှေ့စံမင်းသား Sia Tenki 3/ ဆုံစည်းမှု

277 26 0
                                    

Part-62, နန်းတတ် မင်းသား Sia Tenki 3/

ဆုံစည်းမှု

---------------------------------------

အိမ်ရှေ့စံ နန်းတတ်ပြီး ဆယ့်နှစ် သုံးနှစ်ခန့်အကြာ ~~~

နန်းတွင်းရှိ Shouyu ကျောင်းသားငယ်များ၏ စာအံသံကို သာယာစွာ ကြားနေရပြီဖြစ်သည်

မနက်တိုင်း ပထမဦးဆုံး အလုပ်မှာ မျက်လုံးနှစ်လုံး ဖွင့်သည့်နှင့် စာသင်ဆောင်သို့ ကြွချီရန်ဖြစ်သည်

နေမထွက်ခင် အိပ်ရာထပြီး အထိန်းတော်များ၏ ပြင်ဆင်ပေးမှုကို ခံယူရသည်

ဖြီးလိမ်း သန့်စင်မှုနှင့် ဝါဝါဝင်းဝင်းနေသော ထည်ဝါခန့်ညားမှုတို့အား အရောင်တင်ပြီးနောက် Sia ဟာ ဖခင်နှင့်အတူ ပွဲတော်တည်ခင်းရန် ဖခင်၏ အဆောင်တော်သို့ ကြွချီနှုတ်ဆက်သည်

××××

"နန်းတတ် မင်းသား ကြွချီလာပါတယ်"

ဦးစီးခေါင်းဆောင်ဟူသော ရင့်ကျက်မှုတို့ ပြည့်ဝနေသည့် နန်းတတ်မင်းသား SiaTenki သည် ဖခင်မင်းကြီး SiaYama၏ ဝတ်လဲတော်ပြုရာ အခန်းကြီးအတွင်းသို့ လျင်မြန်စွာ တန်းဝင်သွားသည်

"Sia အရိုအသေပေးပါတယ် ခမည်းတော်!!"

အစေခံများက မင်းကြီး Yamaအား ပြင်ဆင်ပေးခြင်းအား ရပ်တန့်ကာ အဝေးသို့ ရိုသေစွာ ဖယ်ခွာသွား၏

"ar~ နန်းတတ် သားတောင် ရောက်လာပြီလား"
"ခမည်းတော် ဒီနေ့ အိပ်ရာထနောက်ကျသွားတယ်"

မင်းကြီးYama၏ သြဇာညောင်းသော လေသံတို့သည် ပြီးပြည့်စုံသော သားဖြစ်သူ၏ ဖြစ်တည်နိုင်စွမ်းအပေါ် ဂုဏ်ယူဝင့်ကြွားမှုတို့ဖြင့် ပြည့်နှက်လျက်ရှိ၏

Siaဟာ ဖခင်အား ပြုံးပြလျက် ဝေယျာဝစ္စအား ကိုယ်တိုင် ဆက်လက်လုပ်ဆောင်ပေး၏

မင်းကြီး Yamaဟာ မှန်ကိုကြည့်လျက် သက်ပြင်းချရေရွတ်သည်

"အသက်တွေ ကြီးလာလို့ ခန္ဓာကိုယ်က အနားယူချင်နေပြီ ထင်တယ်"

ထို့အခါ Siaအနားရှိ အထိန်းတော်ငယ်၏ မျက်ဝန်းအကြည့်တို့သည် အနည်းငယ်ရွေ့လျားခဲ့၏

 Love Story From Defulo (S3), King Sia Where stories live. Discover now