Part-24, လပြည့်ဝန်းငယ် MoonLay 3

392 57 9
                                    

မင်းသားJimဟာ အစေခံMoon စာကြည့်ဆောင်၌ ပျောက်သွားရာမှ အစပြုလျက် Siaမင်းကြီး ခေါ်သွားသည်ကို သိပြီးနောက် အိမ်မပြန်တော့ပဲ နန်းတွင်းမှာရှိနေခဲ့ရသည်

ပြဿနာတို့ကိုလည်း သူသိခဲ့ရ၏

တစ်ည လရောင်အောက်ရှိ သူရေကန်တော်မှာ လရောင်ခံယူပြီး ရေချိုးနေစဉ် MoonLay ရောက်လာခဲ့သည်

သူ့အတွက် လဲလှယ်ဖို့ အဝတ်အစားတို့ကိုလည်း ယူလာပြီး စောင့်နေရှာ၏

မင်းသားဟာ ကမ်းပေါ်ရှိ အဆောင်ငယ်၌ MoonLayကိုမြင်ခိုက် ရေကန်စပ်ကို ပြန်ကူးလာသည်

MoonLayက အဝတ်အစားတို့ကို ယူလျက် အဝတ်အစား ဝတ်ဆင်ပေးရန် တံတားထိပ်လေးသို့ ပြေးလာ၏

ထိုစဉ်အခိုက် လရောင်အောက်၌ ရက်ပိုင်းအတွင်း အလွန်အမင်း ချောင်ကျသွားသော မျက်နှာလေးနှင့် ရဲရဲနီနေဆဲ အငိုမျက်လုံးလေးကို မြင်ခဲ့ရသည်

မိမိ၏ ကြင်ယာတော်ဖခင်ထံ၌ ကောင်းကောင်း ပညာပေးခံလိုက်ရပုံပင်

သို့သော်လည်း သီချင်းဆိုရင်း ပျော်ပျော်ရွှင်ရွှင် အောက်ခြေသိမ်း အလုပ်လုပ်ဖို့ကလွဲပြီး ဘာမှလည်းမသိသော ဤအဖြူထည်လေးအဖို့တော့ ဖခင်က မမျှတသည့် ပြိုင်ဘက်ကြီး ဖြစ်နေလိမ့်မည် မဟုတ်လား

MoonLayကို ဖခင်Aitaက အကြည့်တစ်ချက်နှင့်ပင် ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်သူ ဖြစ်သည်

မင်းသားက မည်သည့်စကားမျှမဆိုပဲ ရေပေါ်သို့တတ်လာ၏

MoonLayက အဝတ်တို့ကို ခြုံလွှားပေးသည်

"မင်း ဒီကို ဘယ်လိုရောက်လာတာလဲ MoonLay"

"မင်း-- မင်းသား နန်းတွင်းမှာရှိနေတယ်ဆိုလို့၊ MoonMoonက မင်းသားကို အခစားဝင်ရမယ့်သူ မဟုတ်လား"

"မင်းက မကြာခင် ကြင်ယာငယ်လောင်း ဖြစ်တော့မှာမို့ ငါ့ကို အခစားမဝင်လည်း ရပြီလေ၊ ငါ့မှာ အစေခံတွေ အများကြီး ရှိပါတယ်၊ မင်းမရှိလည်း ရတယ်၊ မင်း ငါ့ကိုတောင် ဒီလိုနေရာမျိုး လာမတွေ့သင့်တော့ဘူး၊ မင်းရဲ့ ကြင်ယာငယ်လောင်း ဘဝအတွက် အတားအဆီး ဖြစ်လိမ့်မယ်"

 Love Story From Defulo (S3), King Sia Where stories live. Discover now