၃၀

4.4K 792 25
                                    


အပိုင်း ၃၀ အစပ်ဆော့နဲ့ ကြက်သားပြုတ်ကြော်၊ ၀က်သားနဲ့ ကြက်ဥမွှေကြော်

ဖုန်းချပြီးနောက် အချိန်တစ်ခုကြာသည်အထိ ယွမ့်ထန်းကြောင်အနေသေး၏။ ဘယ်သူက ဒီလိုလေးနက်တည်ကြည်တဲ့မာရှယ်က သူ့ပရိတ်သတ်ဖြစ်နေမယ်လို့ ထင်ထားမှာလဲ။ သာမာန်ပရိတ်သတ်တောင်မဟုတ်ဘူး။ လွှမ်းမိုးနိုင်စွမ်းပြင်းထန်တဲ့ အာဏာရှင်အခန်းမန်နေဂျာဖြစ်နေသေးတယ်။

သို့ရာတွင် မနေ့က အခြားသူ၏စိတ်လှုပ်ရှားတက်ကြွသည့် အမူအရာကို ပြန်တွေးမိပြီးနောက် ဖြစ်နိုင်ချေရှိမှန်း သိသွား၏။

မာရှယ်ဟော်ရဲ့လေးနက်တဲ့ပုံပန်းသွင်ပြင်ရဲ့အောက်မှာ အစားအသောက်ကောင်းကြိုက်သူရဲ့ နှလုံးသားရှိနေတာပဲ။

ယွမ့်ထန်း၏ နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားသည်။ ဆိုတော့ ဒါက ကြီးမားတဲ့ကွာခြားချက်ကြီးလား။

မာရှယ်ဟော်၏ ပုံပန်းသွင်ပြင်ကို ပြန်တွေးမိပြီး ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။

ယွမ့်ထန်း သက်တောင့်သက်သာရှိစွာ တစ်ရေးအိပ်ပြီးနောက်တွင် ညပိုင်းတိုက်ရိုက်ထုတ်လွှင့်ရန်အတွက် ပြင်ဆင်တော့သည်။ ဒီတစ်ကြိမ်တွင် အချိုဘက်သွားသည့် ဟင်းလျာမျိုးကို စမ်းကြည့်ရန် သူဆုံးဖြတ်ထား၏။ ညဘက်တွင် အရသာပြင်းသောအရာမျိုးကို မည်သူမှအချိန်တိုင်း စားချင်နေလိမ့်မည်မဟုတ်ပေ။

တစ်ခဏခန့်တွေးတောမိပြီးနောက် ယွမ့်ထန်းက အစပ်ဆော့နှင့် ကြက်သားပြုတ်ကြော် ၀က်သားနဲ့ကြက်ဥမွှေကြော်တို့လုပ်ရန်သာ ဆုံးဖြတ်လိုက်၏။ အစပ်ဆော့နှင့် ကြက်သားပြုတ်က အစပ်ကဲသည့်အရသာမျိုးကို ပေးပေလိမ့်မည်။ ၀က်သားနှင့်ကြက်ဥမွှေကြော်ကမူ အနည်းငယ်အရသာပေါ့နိုင်၏။ နှစ်ခုတွဲလိုက်လျှင် လိုက်ဖက်ညီသွားပေလိမ့်မည်။ အစပ်အရသာနှင့်ကျွမ်း၀င်မှုမရှိသည့်အချက်ကိုမူ သူလေ့ကျင့်ပေးရန် ဆုံးဖြတ်ထားလိုက်၏။

မီနူးကိုဆုံးဖြတ်ပြီးသည့်နောက်တွင် ယွမ့်ထန်းက ရှော့ပင်းဆိုဒ်ထဲသို့၀င်ကာ ဒီနေ့အတွက် ၀ယ်ယူမည့် ပါ၀င်ပစ္စည်းများကိုကြည့်လိုက်သည်။ သို့ရာတွင် ထိပ်ဆုံးစာမျက်နှာတွင် ပေါ်နေသည်က ခေါက်ဆွဲချိုဆော့နှင့် ဆလပ်အချဉ်တို့ဖြစ်နေသည်။ ထိုအရာများကို ၀ယ်ယူရရှိနိုင်လေပြီး ယွမ့်ထန်းက အကယ်ဒမီသိပ္ပံ၏လုပ်ဆောင်နိုင်စွမ်းကို တစ်ဖန်ချီးကြူးမိသွားပြန်သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now