၃၃

3.2K 476 2
                                    


အပိုင်း (၃၃)

ဟော်ယွန်ရီသည် ယွမ့်ထန်းအား R and D နယ်မြေကို ခေါ်သွားသည်။ ထိုနေရာက အကယ်ဒမီ သိပ္ပံတွင် အကြီးဆုံးဖြစ်ပြီး ကြီးမားသော ဓာတ်ခွဲခန်း အခွဲများစွာလည်း ရှိသည်။ တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင် တာ၀န်အသီးသီးရှိသည်။ ဥပမာအားဖြင့် နံပါတ်တစ် ဓာတ်ခွဲခန်းက သုတေသနလုပ်ရန် နှင့် လက်နက်အသစ်များ၏ ဖွဲ့ဖြိုးတိုးတက်မှု၊ ဆင့်ကဲပြောင်းလဲနိုင်မှုများ အတွက် အဓိက တာ၀န်ယူထားသည်။ နံပါတ်နှစ် ဓာတ်ခွဲခန်းက မှတ်ဉာဏ်တုနှင့် စက်ရုပ်များကို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အဆင့်မြင့်တင်ရန်အတွက် တာ၀န်ယူသည်။နံပါတ်သုံး ဓာတ်ခွဲခန်းဆိုလျင် ရှေးခေတ် မြေကမ္ဘာ၏ ယဉ်ကျေးမှုနှင့် သမိုင်းကို သုတေသနလုပ်ရန် တာ၀န်ယူပြီး နံပါတ်လေးအတွက်မူ ထူးခြားသော သုတေသန လုပ်ရမည့် နယ္ပယ္မ်ားကို တာ၀န်ယူသည်။စားသောက်နိုင်သော သဘာ၀ ပါ၀င်ပစ္စည်းများကို တာ၀န်ယူကာ အန္တရာယ်ကင်းစွာ စားသောက်နို်င်သည်အထိ လုပ်ဆောင်ပေးခြင်းစသော သုတေသန ကိစ္စများကို နံပါတ်ငါး ဓာတ်ခွဲခန်းဖြစ်သည်။ အတိုချုပ်ရသော် နေရာတိုင်းတွင် ကိုယ်ပိုင် ကဏ္ဍ အသီးသီးရှိသည်။ ၀န်ထမ်းများ ခွဲဝေခြင်းကလည်း ရှင်းလင်း၏။

ဟော်ယွန်ရီက ယွမ့်ထန်းကို နံပါတ်လေး ဓာတ်ခွဲခန်းသို့ တစ်ပတ် လိုက်ပြချင်နေသည်။ ထိုနေရာ၊ သည်နေရာ၊ ဟိုနေရာတိုင်းတွင် ပြန်လည် သိုလှောင်ထားသော၊ သို့မဟုတ် စမ်းသပ်ရန် အဆင်သင့်စောင့်နေသော ပါ၀င်ပစ္စည်းများစွာ ရှိသည်။ ယွမ့်ထန်း၏ အံသြဖွယ်ကောင်းပြီး သိချင်စဖွယ် တွေးတောဟန်များက သူတို့အား အချို့နေရာများတွင် အကြံသစ်များ ရစေလောက်သည်။ အခြားကျန်သည့် ဓာတ်ခွဲခန်းများတွင် အင်ပါယာ၏ လျို့၀ှက်ချက်များ ရှိလေရာ ၀င်ခွင့်ရရန် ခွင့်ပြုမိန့်လိုသည်။ ထို့ကြောင့် ယွမ့်ထန်းအား ခေါ်သွားရန် မသင့်တော်ပေ။

ယွမ့်ထန်း နံပါတ်လေး ဓာတ်ခွဲခန်းသို့ ၀င်လိုက်သည်နှင့် ဖန်အကြည်သားဖြင့် ထည့်ထားသော စာအုပ်တစ်အုပ်ကို မြင်ရသည်။စာအုပ်အဖုံးက ပျက်စီးနေပြီး အထဲမွ စာရွက်သားကလည်း အဝါရောင်သန်းကာ တွန့်နေသည်။ကြည့်ရသည်မှာ ရေထဲ အချိန်အတန်ကြာ ရှိနေခဲ့ရဟန်ရသည်။ သို့သော် ထိုစာအုပ်ကို တစ်ချက်ကြည့်ရုံနှင့်တင် ယင်းက စီဟိုင်ဖြစ်ကြောင်း သိလိုက်သည်။
ဟော်ယွန်ရီကလည်း သူ၏ အကြည့်ကို သတိထားမိပြီး ရှင်းပြသည်။

“စစ်ပွဲပြီးနောက် အပျက်အစီးတွေထဲကနေ ရအောင် ပြန်ယူနိုင်ခဲ့တဲ့ အချက်အလက် အကုန်ပါတဲ့ တစ်အုပ်ထဲသော စာအုပ်ပဲ။ ဒါက ကိုယ်တို့ရဲ့ လူနေမှုအဆင့်အတန်းကို လူသားဆန်စေနိုင်တဲ့ အုတ်မြစ်ပဲ”

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က လူသားများ၏ အခြေစိုက်စခန်းများကို ဂြိုလ်သားများက ဖျက်ဆီးခဲ့သည်။ လျပ်စစ် သံလိုက် ဖောင်းကြွစေသော လက်နက်များက လူသားများ၏ ကွန်ပျူတာများမှ သိုလှောင်ထားသော စနစ်နှင့် အချက်အလက်များအားလုံးကို ပျက်စီးစေခဲ့ပြီး အဖိုးတန် ပစ္စည်းများစွာ ပျောက်ဆုံးခဲ့သည်။ လူသားများ မြေကမ္ဘာမှ ထွက်ပြေးခဲ့စဉ်က သူတို့ ယူလာနိုင်သော စာအုပ်၊စာရွက်များက အကန့်အသတ်ရှိသည်။ စစ်ပွဲပြီးနောက် ပြန်ရယူနိုင်ခဲ့သော ကျန်ရှိသည့် သတင်းအချက်အလက်များက အလွန် နည်းပါးခဲ့လေသည်။

အကယ်ဒမီ သိပ္ပံက ယနေ့ခေတ် နည်းပညာ ဗီဇများကို ယူပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က မြေအောက် အအေးခန်းအတွင်းတွင် လူသားများ သိုလှောင်ခဲ့သော အပင်မျိုးစေ့များနှင့် တိရိစ္ဆာန်များကို ပြန်လည် သိုလှောင်လျက် အသုံးပြုနိုင်ရန် အစဉ်တစိုက် ကြိုးစားနေခြင်းဖြစ်သည်။ ပြန်လည်သိုလှောင်ခြင်းက လွယ်သော်လည်း မျိုးပွားနိုင်ရန် ကြိုးစားခြင်းက ခက်ခဲသည်။ မည်သို့ပင်ဆိုစေ အပင်တိုင်းနှင့် တိရိစ္ဆာန်တိုင်းက စားသောက်လို့ မရပေ။ထို့ကြောင့် သိုလှောင်နိုင်ရန်သာ ကြိုးစားလျက် ဆက်တိုက် အင်တိုက်အားတိုက် သုတေသန လုပ်နေရခြင်းဖြစ်သည်။ သည်အခြေအနေက မသက်မသာဖြစ်လောက်အောင် လုံလောက်ခြင်း မရှိပေ။

ကံကောင်းသည်မှာ သည်နှစ်များတွင် အင်ပါယာက အာကာသပြင်ကို ကျော်ဖြတ်သွားလာနိုင်လာပြီး အထူးတပ်ဖွဲ့များဖွဲ့စည်းကာ ပျက်စီးနေသော မြေကမ္ဘာသို့ စေလွှတ်နိုင်ခဲ့သည်။

မြေကမ္ဘာ၏ သံလိုက်စက်ကွင်းက အပြည့်အ၀ ပြောင်းလဲသွားသည်။ အိုဇုန်းလွှာက ပျက်စီးသွားပြီဖြစ်လေရာ သက်ရှိများ မရှင်သန်နိုင်တော့ချေ။ သို့ရာတွင် သက်ရှိမဟုတ်သော အရာများစြာကို ပြန်လည် ရယူနိုင်လျက် တပ်ဖွဲ့မှ ပြန်လည် သယ်ဆောင်လာနိုင်ခဲ့သည်။ ဒါက သူတို့၏ သုတေသနအဖွဲ့ကို အဆင့်တက်စေပြီး ပါ၀င်ပစ္စည်းများကို သိုလှောင်နိုင်နှုန်းကို ခုန်ပေါက်မြင့်တက်လာစေနိုင်ခဲသည်
သုတေသနကို အရှိန်မြင့်တင်နိုင်ရန်အတွက် နံပါတ်လေး ဓာတ်ခွဲခန်းက အဖွဲ့များစွာ ခွဲထားပြီး တစ်ဖွဲ့ချင်းစီတိုင်းက မတူကွဲပြားသော ဦးတည်ရာဘက်ကို ယူထားကြသည်။
အပင်များကို သုတေသနလုပ်ရာတွင် အထူးပြုခြင်း၊ တိရိစ ာၦန် အကောင်ငယ်လေးများကို သုတေသနလုပ်ရာတွင် အထူးပြုခြင်း၊ တိရိစ္ဆာန် အကောင်ကြီးများကို သုတေသန လုပ်ရာတွင် အထူးပြုခြင်းနှင့် ရေနေအပင်နှင့် သတ္တဝါများကို သုတေသန လုပ်ရာတွင် အထူးပြုခြင်း စသဖြင့် ခွဲထားသည်။

တစ်ဖွဲ့ချင်းစီတိုင်းက နံပါတ်လေး ဓာတ်ခွဲခန်းဌာန၏ တစ္ထပ္စီ နေရာယူထားသည်။ ဟော်ယွန်ရီက ယွမ့်ထန်းကို နှစ်ထပ်မြောက်သို့ ခေါ်သွားသည်။

“ဒါက အဖွဲ့နံပါတ်တစ်ရဲ့ နေရာပဲ။ အဓိကကတော့ အပင်အမျိုးမျိုးကို သုတေသန လုပ်တာပေါ့”

ဒုတိယထပ်သို့ ၀င်ပြီးသည်နှင့် ယွမ့်ထန်းခမျာ အပူပိုင်းဒေသမှ မိုးသစ်တောကြီးသို့ ရောက်သွားသည်ဟုပင် ထင်လိုက်သည်။ သူ အကြည့်ရောက်သော နေရာတိုင်းတွင် အပင်စိမ်းများ၊ သီးပင်များ ပန်းများနှင့် အရွက်များကို ဖန်သားကြည် ကွန်တိမ်နာများဖြင့် စိုက်ထားခြင်း ကို မြင်ရသည်။တစ်ပင်စီတွင် တစ်ယောက်ကျနှုန်းဖြင့် သုတေသနပညာရှင်များရှိနေပြီး အစိုဓာတ်၊ အာဟာရဓာတ်၊ အပူချိန်၊ အလေ့ကျပေါက်နှုန်း၊ သဘောသဘာ၀စသဖြင့်ကို မှတ်တမ်းတင်နေကြသည်။တစ်ချိန်တည်းတွင်ပင် သူတို့က ကြီးထွားပြီးသော အပင်များ၏ နမှုနာ စစ်ဆေးမှုများလုပ်ရန် ကြိုးစားကြသည်။ အားလုံးကို နည်းပညာကျကျ စီမံထားသည်။

ယွမ့်ထန်း:  နယူတန်တောင် ဂူထဲက လှိမ့်ပြီး ထွက်လာလောက်တယ်
ထိုအခိုက် မှန်ဘောင်မှတဆင့် လက်တစ်ဆစ်ခန့် အနီသီးလေးများ ပြွတ်ခဲကာ ပေါက်နေပြီး မညီမညာအရွက်များရှိသော အပင်များကို မြင်လိုက်ရသည်။ အထူးဆွဲဆောင်မှုရှိနေ၏။

“ဘာလဲ မင်း ကြိုက်လို့လား”
ဟော်ယွန်ရီက အပြုံးဖြင့် ပြောသည်။

“ဒါက ကိုယ်တို့ နောက်ဆုံးသိုလှောင်ထားပြီးတဲ့ သီးပင်လေ။ စတော်ဘယ်ရီလို့ ခေါ်မယ်ထင်တယ်။ စိတ်ချရတဲ့အထိ စောင့်ကြည့်ပြီးတဲ့နောက်မှာ မင်းကို မြည်းစမ်းနိုင်ဖို့ ကိုယ် ပေးပါ့မယ်”

“ဒီလိုဆိုရင် ကျေးဇူးကြိုတင်ထားလိုက်ပါမယ်”

ယွမ့်ထန်းက မငြင်းပေ။ သူ စတော်ဘယ်ရီလို ချိုချဉ်အရသာကို ကြိုက်သည်။

ထို့နောက် တိရိစ္ဆာန်ငယ်လေးများကို မွေးမြူထားသော အဖွဲ့နှစ်ထံသို့ သွားသည်။ သူတို့က အဆင့်မြင့်နည်းပညာကို သုံးလျက် သန္ဓေသား ကြီးထွားနိုင်ရန် ကြိုးစားသည်။ထို့နောက် ဖြေးညင်းစွာ မွေးမြူသည်။ တစ်ချိန်လုံးလိုလို သုတေသနပညာရှင်များက သူတို့၏ အရွယ်အစား၊ ကြီးထွားနိုင်နှုန်း၊ နေထိုင်မှု အလေ့အကျင့်ပုံစံ၊ အစာကျွေးရမည့်နည်းလမ်းပုံစံနှင့် မျိုးပွားနိုင်နှုန်း၊ ပုံစံနှင့် မည်သည့်အရာများကို သူတို့စားနိုင်ခြင်း ရှိ၊ မရှိ စသဖြင့် မှတ်တမ်းတင်ရသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now