Chapter - 4

13K 1.9K 33
                                    

Unicode

ဇာတ်လိုက်shouရဲ့ ပထမဆုံးတွေ့ဆုံမှုကို ခိုးယူခြင်း
_____________________________________

ဆိုင်လေးထဲက အရာအားလုံးက အဆင်ပြေပြေ ပြန်ဖြစ်သွားပြီ။ ဘာလို့မှန်းမသိပေမဲ့ ဒီနေ့ဆိုင်ရဲ့ရောင်းအားက အရမ်းကောင်းနေလေတယ်။ မစ္စတာကျန်းနဲ့ဇနီးက အထဲမှာဆန်ကိတ်တွေလုပ်နေကြတယ်။ ဂျန်ရှင်းဆွေ့ကတော့ အပြင်ဘက်မှာ ကူပြီးငွေလက်ခံပေးနေတယ်။ အစကတော့ ဒီမှာအလုပ်ခလုပ်ဖို့ကရှုပ်နေပေမဲ့ နည်းနည်းသင်ယူပြီး နောက်ပိုင်းမှာ သူ့လှုပ်ရှားမှုတွေက ပိုမိုရင်းနှီးလာပြီ။ အရမ်းကြီးမကျွမ်းကျင်သေးပေမဲ့ ကံကောင်းစွာပဲ customerတွေကို ကောင်းကောင်းဆက်ဆံဖို့ သရုပ်ဆောင်နိုင်ခဲ့တယ်။

ပတ်ဝန်းကျင်ကသူတွေက ဆူညံနေလေတယ်။ သူကခေါင်းကိုငုံ့ပြီးတော့ ပိုက်ဆံရေရင်း အလုပ်များနေတယ်။ တခြားတစ်ယောက်အတွက်ဆန်ကိတ်ပြင်ရင်း အလုပ်များနေတဲ့အချိန် နောက်customerတစ်ယောက်အလှည့်ကို ရောက်လာခဲ့တယ်။ အနည်းငယ်နိမ့်တဲ့ ယောက်ျားတစ်ယောက်ရဲ့အသံက သူ့ခေါင်းအထက်ကနေ ထွက်ပေါ်လာခဲ့တယ် "နိဟောင်!ကျေးဇူးပြုပြီးတော့ ကောက်ညှင်းဆန်ကိတ်ဖက်ထုပ်နှစ်ခုနဲ့ မင်းတို့ဆိုင်ရဲ့ အမှတ်အသားဖြစ်တဲ့ အစားအသောက်တစ်setထုပ်ပေးပါ"

ဂျန်ရှင်းဆွေ့ တောင့်ခဲသွားတယ်။

ရင်းနှီးနေတဲ့အသံတစ်ခုက သူ့နားထဲဝင်လာခဲ့တယ်။ ပုံမှန်နေ့လည်ခင်းတစ်ခုမှာ ဂျန်ရှင်းဆွေ့ရဲ့နှလုံးသားက ရုတ်တရက်ကြီး တစ်ခုခုကိုလွဲချော်သွားသလိုမျိုး ခံစားလိုက်ရတယ်။ သူခေါင်းကိုမြန်မြန်မော့လိုက်ပြီး‌တယ်။ သူ့ရှေ့ကသူက ကော်ဖီရောင်coatတစ်ထည်ကိုဝတ်ဆင်ထားပြီးတော့ နေကာမျက်မှန်တစ်လက်နဲ့ maskတစ်ခုကိုတပ်ထားတယ်။ သူ့လက်တွေက အထိန်းအချုပ်မရှိစွာပဲ တုန်ယင်လာခဲ့ပြီး အသက်ရှူသံတွေကပါ မြန်ဆန်လာခဲ့တယ်။ တကယ်လို့မင်းကတစ်စုံတစ်ယောက်ရဲ့ အမာခံဖန်ဖြစ်တာကြာပြီဆိုရင် သူ့ရဲ့အသံကြားယုံနဲ့တင် ဘယ်သူလဲဆိုတာ သေချာပေါက်ပြောနိုင်လိမ့်မယ်။

ကျန်းရှာရဲ့အသံက နောက်ကနေထွက်ပေါ်လာခဲ့တယ် "ဆွေ့ဆွေ့ရေ မုန့်ရပြီနော်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now