Chapter - 64.2

11.4K 2.1K 167
                                    

Unicode

မူလစာမူအားပြန်လည်ရယူခြင်း
___________________________

ရှန်ရှင်းဆွေ့သူတို့ကိုကြည့်ပြီး အလျင်အမြန်ပြောလိုက်တယ် "မဟုတ်ပါဘူး မဟုတ်ပါဘူး တကော ဒါကဘယ်လိုလုပ်ကောအပြစ်ဖြစ်မှာလဲ? ကျွန်တော်မကောင်းတာပါ တကယ်တော့ကျွန်တော်လည်း စောစောဖြေရှင်းလိုက်ချင်တာပါ ပြီးတော့လူထုအမြင်နဲ့အတင်းအဖျင်းတွေရှိနေရင် ပြင်ပသုံးသပ်ချက်တွေကလည်း အမြဲမကောင်းတတ်ဘူး မတော်လို့အိမ်ကစီးပွားရေးကို သက်ရောက်မှုတစ်ခုခုရှိသွားစေမိရင်မကောင်းဘူးလေ ပြီးတော့ အားလုံးလည်းဒီလောက်အလုပ်ရှုပ်နေကြတာကို ကျွန်တော်ကမကူညီနိုင်တဲ့အပြင် ဒုက္ခပါပေးမိသေးတယ်......"

......

အခန်းထဲတိတ်ဆိတ်သွားရတယ်။

ရွှီအန်းကျန်းပထမဆုံး အံ့အားသင့်သွားရတယ်။ ရှန်ရှင်းဆွေ့ရဲ့ရှုပ်ထွေးနေတဲ့မျက်ဝန်းတွေကို မြင်လိုက်ပြီးနောက် အစကဒေါသထွက်နေတဲ့စိတ်တွေငြိမ်သက်သွားရတယ်။ ဒါအပြင်သူ့စိတ်ထဲပျံ့နှံ့လာတာက အဆုံးမရှိတဲ့ဝမ်းနည်းခြင်းတွေနဲ့ သနားခြင်းတွေဖြစ်တယ်။

သူကရှန်ရှင်းချန်လို ငိုတတ်တဲ့ကလေးမျိုးမဟုတ်ဘူး။ ရှန်ရှင်းချန်က ကိစ္စတစ်ခုခုကြုံတာနဲ့ ပထမဆုံးအိမ်ကိုဖုန်းဆက်ပြီး အဖေနဲ့အစ်ကိုကိုကူညီဖြေရှင်းခိုင်းလိမ့်မယ်။ ဘာလို့လဲဆိုတာသူ့မှာ ခိုင်မာတဲ့အထောက်အပံ့ရှိနေတာကြောင့်ပဲ။ သူကအချစ်ခံရတယ်၊ ကာကွယ်ပေးမဲ့သူရှိတယ်၊ မိုးပြိုကျလာရင်တောင် ကိုယ့်မိသားစုဝင်တွေက ဘေးမှာရှိနေပေးမယ်ဆိုတာကို ငယ်ကတည်းကနက်ရှိုင်းစွာသိနေတာကြောင့်ပဲ။

ဒါပေမဲ့ရှန်ရှင်းဆွေ့ကတော့ ပြောင်းပြန်ပဲ။ ဘာကိစ္စပဲကြုံကြုံ မသိစိတ်ကနေကိုယ့်ပါကိုယ်ပဲ ဖြေရှင်းနေလိမ့်မယ်။ ဒါအပြင် ကိုယ့်ဘေးနားကသူတွေကို ပြဿနာဖြစ်စေမိမှာ၊ အမုန်းခံရမှာကိုလည်း စိုးရိမ်နေလိမ့်မယ်။ သူ့မှာသူကိုယ်တိုင်အပြင် တခြားဘယ်သူမှမရှိတာကြောင့် သတိတကြီးနဲ့ရှင်သန်နေရတာဖြစ်တယ်။

ရွှီအန်းကျန်းမတ်တပ်ရပ်လိုက်တယ်။ နွေးထွေးတဲ့ခပ်နိမ့်နိမ့်အသံက ညင်ညင်သာသာလေးနဲ့ ဆိုလာခဲ့တယ် "ဆွေ့ဆွေ့"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now