Chapter - 84

8.7K 1.5K 209
                                    

Unicode

ကိုယ်ရှုံးသွားပြီ
______________

ရှန်ရှင်းဆွေ့အရမ်းစိတ်လှုပ်ရှားသွားတော့တယ်။ အလျင်အမြန်မတ်တပ်ထလိုက်မိပြီး ဝန်ထမ်းလေးလက်ထဲက ပစ္စည်းကိုပြန်ယူလိုက်မိတယ်။ "ခဏ ခဏ အရင်မတင်လိုက်နဲ့ဦး!"

ဝန်ထမ်းလေးကြောင်သွားတော့တယ်။

သူဒီလောက်ကြီးကြီးမားမား တုံ့ပြန်လိမ့်မယ်လို့ မထင်ထားမိဘူး။

ရှန်ရှင်းဆွေ့ ဖုန်းကိုအလျင်အမြန် လှမ်းယူလိုက်တယ်။ ဝန်ထမ်းလေးက သူlinkမတင်ချင်တာလို့ ထင်မှတ်သွားပြီး နောက်ဆုတ်လိုက်တယ် "ကျန်လောင်ရှီး ကျွန်မတို့က ရိုက်ကူးရေးအနေနဲ့လိုအပ်တဲ့ အကြောင်းအရာကိုတင်ရုံပါပဲ လောင်ရှီးစိတ်ပူဖို့မလိုပါဘူး......"

သူ့ကိုအထင်လွဲသွားတာမြင်တော့ ရှန်ရှင်းဆွေ့ အလျင်အမြန်ရှင်းပြလိုက်တယ် "ကျွန်တော်စိတ်မပူပါဘူး ဒါပေမဲ့ ဒါပေမဲ့ ဖုန်းထဲမှာဝင်ထားတာက ကျွန်တော့်အကောင့်တုလားလို့ အဲ့တာကြောင့် ကျွန်တော့်ကိုအကောင့်ပြောင်းခွင့်တော့ပေးပါဦး"

ဒီလိုအခြေအနေမျိုးရှိလိမ့်မယ်လို့ ဝန်ထမ်းလေးမထင်ထားမိဘူး။ ဒီလိုဆိုမှတော့လည်း သူရှန်ရှင်းဆွေ့ကိုဖုန်းပြန်ပေးလိုက်တယ် "အားနာလိုက်တာ"

ရှန်ရှင်းဆွေ့ ဒီတစ်ခေါက်စိတ်လှုပ်ရှားစရာ အခြေအနေကြောင့် နဖူးပေါ်မှာတောင် ချွေးတွေစီးကျနေပြီဖြစ်တယ်။ သူအသက်ဖြည်းဖြည်းရှုရင်း ပြောလိုက်တယ် "ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး မတင်လိုက်ရသေးရင် အဆင်ပြေပါတယ်"

Live roomထဲက ပရိသတ်တွေကတော့ ငြိမ်ငြိမ်မနေနိုင်ကြတော့ဘူး :

"အကောင့်တု?"

"ဆွေ့ဆွေ့ ငါတို့နောက်ကွယ်မှာ အကောင့်တုဝှက်ထားသေးတယ်ပေါ့လေ"

"ပြော မင်းရဲ့အကောင့်တုမှာ ဘာတွေလုပ်ထားလို့တုန်း"

"ဟားဟားဟား သူပြောပြီးပြီမဟုတ်ဘူးလား wallpaperဒေါင်းတာလေ"

ရှန်ရှင်းဆွေ့ရဲ့အကောင့်တုကို ထဲထဲဝင်ဝင်မသိလိုက်ရလို့ ပရိသတ်တွေက အတော်လေးနှမြောနေကြပေမဲ့ ဘယ်ဟာက သူ့ရဲ့အကောင့်တုဖြစ်မလဲဆိုတဲ့ကိစ္စကိုတော့ အတော်လေးစိတ်ဝင်စားနေကြတဲ့သူတွေက စတင်ပြီးအတွေးနယ်ချဲ့လာတော့တယ် :

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now