Chapter - 59

12.3K 2K 281
                                    

Unicode

မင်းသူ့ကိုအနိုင်ကျင့်ရဲတယ်ဆို စမ်းကြည့်လိုက်လေ(1)
_________________________________________

ထူရာဒီစကားကိုကြားတဲ့အချိန်မှာ စိတ်ထဲကွဲကြေသွားရတယ်ဆိုတာ ကျိန်ဆိုရဲတယ်!

တစ်ဖက်မှာသူက ဖုကျင်းရှောင်းချစ်တတ်လာလိမ့်မယ်လို့မထင်မိခဲ့ဘူး။ ပြီးတော့သူ့အမြင်မှာ နှစ်တွေအကြာကြီး တစ်ယောက်တည်းနေနေတဲ့ဖုကျင်းရှောင်းက တစ်ခါမှdateမလုပ်တာက အရမ်းကြီးမားတဲ့အကြောင်းပြချက်တစ်ခုရှိနေတယ်။ အဲ့တာသူကဇီဇာကြောင်တာကြောင့်ပဲ!

ရုပ်လှတာကိုလည်းမကြိုက်ဘူး။ ရုပ်မလှတာကိုလည်းမကြိုက်ဘူး။ ဉာဏ်ကောင်းတာကိုလည်းမကြိုက်ဘူး။ အရမ်းတုံးလွန်းရင်လည်းမကြိုက်ဘူး။ ပိုက်ဆံပဲကြည့်လွန်းရင်လည်းမကြိုက်ဘူး။ တည်ငြိမ်လွန်းရင်လည်းမကြိုက်ဘူး။ အမှန်တိုင်းပြောရရင် သူတို့သူငယ်ချင်းအုပ်စုထဲမှာ ဖုကျင်းရှောင်းတစ်ဘဝလုံး singleဖြစ်နေတော့မယ်လို့ တိတ်တိတ်လေးပြောနေကြတာ အချိန်အတော်ကြာရှိနေခဲ့ပြီ!

ဒါပေမဲ့......

ပြန်ပြောင်းပြောရရင် ဒီအကျင့်မကောင်းတဲ့မြေခွေးအိုကြီးဆီကနေ သဘောကျခံရတာလည်း အတော်လေးသနားစရာကောင်းတယ်။ သေတော့မလိုထိအစားခံရတော့မှာမဟုတ်လား?

ထူရာခက်ခဲစွာနဲ့မေးလိုက်တယ်။ တကယ်တော့စိတ်ထဲမှာ အနည်းငယ်ရုန်းကန်နေချင်သေးလေတယ် "နင်ကဘယ်သူနဲ့အောင်သွယ်ပေးစေချင်တာတုန်း?"

ဖုကျင်းရှောင်းက သူနဲ့မျက်နှာချင်းဆိုင်မှာရပ်နေပြီး ဒီစကားကိုကြားတော့မျက်ခုံးပင့်လိုက်တယ်။ နင်ဘာတွေမဟုတ်တာမေးနေတာလဲဆိုတဲ့အမူအရာနဲ့ နှုတ်ခမ်းတွေတွန့်ကွေးကာပြုံးလိုက်ပြီး ဖြည်းညှင်းစွာပြောလာတယ် "နင့်အထင်ရော?"

"......"

ရာရာမသိဘူး။ ရာရာနဲ့မဆိုင်ဘူး။

ဒီနေ့လယ်စာကတခြားသူတွေအတွက်တော့မသိဘူး။ ဒါပေမဲ့ထူရာ့အတွက်တော့ စားရတာစိုးရိမ်နေပြီး မြိုမကျနိုင်ဖြစ်ခဲ့ရတယ်။ ဒီလိုအတင်းအဖျင်းမျိုးက လျှောက်ပြောပြနေလို့လည်းအဆင်မပြေတာကြောင့် အမှန်တကယ်ကိုသက်သောင့်သက်သာမရှိစေလှဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now