Chapter - 31

11.6K 1.8K 164
                                    

Unicode

အန်းရန်မင်းပြောင်းလဲသွားပြီ
___________________________

ကျန်ရှင်းဆွေ့ အဆောင်ပြန်ရောက်တဲ့အချိန်မှာ ဝမ်းရှန်းကောက သူ့ပစ္စည်းတွေသိမ်းဆည်းနေတယ်။

ကျန်ရှင်းဆွေ့ပြန်လာတာမြင်တော့ ဝမ်းရှန်းကောက ရင်းနီးစွာပြုံးလိုက်ပြီး ပြောလာတယ် "ဆွေ့ဆွေ့ ငါသွားရတော့မယ်"

ကျန်ရှင်းဆွေ့အပြင်ဘက်မှာ မန်နေဂျာရဲ့စကားကို ကြားခဲ့ရတော့ နဂိုကတည်းကဝမ်းနည်းနေတာဖြစ်တယ်။ ဒီအချိန်မှာ အကြာကြီးသိခဲ့ရတဲ့အခန်းဖော်က ထွက်သွားရတော့မှာမြင်တော့ စိတ်ထဲပိုလို့တောင်ဝမ်းနည်းလာရတော့တယ်။

ကျန်ရှင်းဆွေ့က သက်ပြင်းတစ်ချက်ရှိုက်ကာ သူ့ကိုပြောလာတယ် "ငါတို့သွားပြီးရင်လည်း အမြဲဆက်သွယ်နော်"

ဝမ်းရှန်းကောက ခေါင်းငြိမ့်တယ် "ဆက်သွယ်မှာပါ"

ရှန်ရှင်းချန်ကအပေါ်ထပ်က ကုတင်ပေါ်ထိုင်ရင်းကနေ ပြောလာတယ် "မင်းစိတ်ချပါ ပြေးမလွတ်ပါဘူး အဖွဲ့လိုက်ညကျရင် မင်းသေချာပေါက်လာရအုံးမှာ"

ဒီစကားကနွေးထွေးနေတဲ့လေထုကို ပြိုကွဲသွားစေတယ်။

ဝမ်းရှန်းကောက luggageကိုကိုင်ရင်း အခန်းထဲတစ်ပတ်လှည့်ကြည့်လိုက်တယ်။ ပြီးတော့ သူ့သူငယ်ချင်းတွေကို ကြည့်ပြီး "ငါအထုတ်ခံလိုက်ရပေမဲ့ မင်းတို့ကိုတော့ဒီထက်ပိုဝေးဝေး ဆက်သွားစေချင်သေးတယ် တကယ်တို့မင်းတို့ ငါ့အတွက် ဝမ်းနည်းပေးနေစရာမလိုပါဘူး ငါ့မန်နေဂျာက အွန်လိုင်းဒရာမာဇာတ်ကားတစ်ချို့နဲ့ ချိတ်ပေးထားသေးတယ် မဆိုးလောက်ပါဘူး အလုပ်ရှိတယ်လို့တော့ပြောလို့ရပါတယ် ပြီးတော့တခြားအစီအစဥ်တွေလည်း ဝင်ပြိုင်အုန်းမှာ ဘယ်လိုပဲဖြစ်ဖြစ် ထမင်းတော့စားနိုင်ပါသေးတယ် ဒီနေရာမှာတုံးအယောင်ဆောင်ပြီး ပရိသတ်တွေကိုလုပ်ပြနေစရာမလိုတော့ဘူး တကယ်တော့ ငါပိုပေါ့ပါးသွားပါပြီ"

ဝမ်းရှန်းကောက ကျန်ရှင်းဆွေ့ကို ထပ်ကြည့်လိုက်ပြီး "အဲ့တာကြောင့်ရှန်ကော သူ့ကိုလည်းစိတ်ပူစရာမလိုပါဘူး သေချာတာက အရမ်းဆိုးနေမှာမဟုတ်ဘူး ငါစိတ်အပူဆုံးက ဆွေ့ဆွေ့နဲ့ ဇယ်ကောပဲ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now