Chapter - 54.2

12.2K 1.9K 160
                                    

Unicode

ဖုလောင်ရှီး သဝန်တိုနေပြီ
________________________

တခြားတစ်ဖက်၌

မကြာခင်အချိန်အတွင်းမှာပဲ အခန်းတိုင်းကနေ အော်ဟစ်ငိုယိုသံတွေထွက်ပေါ်လာတော့တယ်။

ရှန်ရှင်းဆွေ့က သူ့ပါသူစောစောနိုးနေတာကြောင့် အန်းရန်နှိုးဖို့မလိုအပ်လေဘူး။ ရှန်ရှင်းချန်ကတော့မနိုးသေးပေမဲ့ သူ့ရဲ့အိပ်စက်မှုအခြေအနေကဆိုးရွားလှတယ်။ လာနှိုးတဲ့သူတွေကို ကန်ကျောက်တတ်ရုံတင်မက အိပ်ရာပျင်းအဖြစ် ဗိုလ်ဆွဲထားသူလည်းဖြစ်တယ်။ တခြားသူတွေကတော့ ပိုခက်ခဲလေတယ်။ စောင်တွေကိုအလုံခြုံထားကြတာမဟုတ်ရင် အော်ဟစ်မှုတွေနဲ့ထိတ်လန့်မှုတွေပဲ။ အားလုံးရဲ့အိပ်ယာထထချင်းဒေါသတွေနဲ့ အဖက်မလုပ်ခြင်းခံရတာကြောင့် အန်းရန်ကတော့ဒေါသများထွက်လျက်ရှိတယ်။

ဒီလိုကြည့်တော့ မနေ့ကရှန်ရှင်းဆွေ့ ဘယ်လိုတောင်ကံကောင်းရတာတုန်း။ ဖုကျင်းရှောင်းကိုနမ်းနိုင်ခဲ့တာကိုမပြောနဲ့ဦး။ နောက်ပိုင်းကြုံတွေ့ရမဲ့ အဲဒီပြဿနာတွေက မီးပျက်သွားတာကြောင့်နဲ့ ဖြေရှင်းပြီးသားဖြစ်သွားခဲ့တယ်။ သူကိုယ်တိုင်အလှည့်ရောက်မှ ဘာလို့ဒီလိုဖြစ်နေရတာလဲ?

ဒါရိုက်တာအဖွဲ့က လူတွေအားလုံးကိုစုဝေးစေပြီး အပြုံးလေးနဲ့ပြောလာခဲ့တယ် "အားလုံးမနေ့က အိပ်ရတာဘယ်လိုနေလဲ?"

အားလုံးက တညီတညွတ်တည်း ပြောလာကြတယ် "ဒါရိုက်တာကြီး တကယ်လို့ဒါရိုက်တာကြီးသာ ဒီလောက်မနက်အစောကြီးမနှိုးဘူးဆိုရင် ကျွန်တော်တို့ပိုပြီးတောင်ပျော်နေမှာပါ"

ဒါရိုက်တာကပြုံးလျက် "မနေ့ကအားလုံးရဲ့ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ချင်တဲ့အတွက် ဒီနေ့အားလုံးအတွက် မနက်စာပြင်ပေးထားပါတယ် အားလုံးပဲမနက်စာစားရင်း ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဒီလောက်ကောင်းတယ်တဲ့လား?

ဒီရိုက်ကူးရေးအဖွဲ့က ရက်စက်လွန်းလှတာကြောင့် တော်တော်များများက မယုံကြည်ဘဲရှိကြတယ်။

ဒါရိုက်တာက သူ့အပေါ်ယုံကြည်မှုမြင့်မားလာဖို့အတွက် လက်ခုပ်တစ်ချက်တီးလိုက်တယ်။ ထိုအချိန်ဝန်ထမ်းတွေက လှည်းလေးတွေတွန်းပြီးထွက်လာကြတယ်။ စုစုပေါင်း လှည်း၈ခုတွန်းလာကြပြီး တစ်ခုစီတိုင်းရဲ့အပေါ်မှာ ပြည့်စုံတဲ့မနက်စာတွေတင်ထားလေတယ်။ ပေါက်စီနဲ့ပဲနို့ရှိသလို ပေါင်မုန့်၊ နွားနို့တို့အပြင် hanamakiများပါရှိလေတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now