Chapter - 77.1

10K 1.7K 241
                                    

Unicode

ကိုယ်နဲ့တွဲနိုင်လား
_________________

သူ့သူငယ်ချင်း သူ့ကိုကြည့်နေတဲ့အကြည့်တွေက တစ်ခုခုလွဲမှားနေတာကို ဖုကျင်းရှောင်း သတိထားမိသွားတော့ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ပြုံးကာမေးလိုက်တယ် "ဘာဖြစ်လို့လဲ"

ရှန်မင်လောင် မျက်မှန်ကိုပင့်တင်လိုက်ပြီး "မင်းသဘောကျနေတာဘယ်သူလဲ?"

ဘယ်သူကများ ဖုကျင်းရှောင်းကို ကိုင်တွယ်နိုင်လောက်တဲ့အထိ သတ္တိကောင်းနေတာလဲလို့ သူသိချင်မိပါရဲ့။ တကယ်လို့ အဲဒီနာမည်ကြီးချမ်းသာတဲ့ အမျိုးသမီးတွေဆိုရင် အနုပညာနယ်ပယ်ထဲက မင်းသမီးတွေအပါအဝင် ဖုကျင်းရှောင်းအပေါ် မကြင်နာပြဖူးတာ ဘယ်သူရှိလို့လဲ။ ဒီလူတွေကိုမပြောရင်တောင် ကျောင်းသားဘဝကတည်းကနေအခုချိန်ထိ သူကအမြဲတမ်း အဓိကဇာတ်လိုက်ဖြစ်တယ်။ အဆင့်ကောင်းတယ်။ ယဥ်ကျေးမှုရှိတယ်။ မိသားစုနောက်ခံကောင်းတယ်။ အဖက်ဖက်မှာ ထူးချွန်လှတယ်။ သူချဲ့ကားပြောတာတော့မဟုတ်ဘူး။ ကျောင်းမှာတုန်းက သူလမ်းသွားနေရင်းနဲ့ အုတ်ခဲတစ်ခဲပစ်သွားတယ်ဆိုရင်တောင် မိန်းကလေး၁၀ယောက်မှာ ၈ယောက်က ဖုကျင်းရှောင်းကို crushမိသွားတာချည်းပဲ။

အဲဒီလိုမျိုးလူတစ်ယောက်က အခုဒီမှာထိုင်နေပြီး နှစ်သစ်ရဲ့ဒုတိယနေ့မှာ သူ့ကိုပြောလာခဲ့တယ် :

"ငါ့မှာသဘောကျရတဲ့သူရှိနေပြီထင်တယ်"

"ကိုယ်သဘောကျတဲ့လူရှေ့မှာဆိုရင် အမြဲတမ်းယုံကြည်မှုပျောက်သွားတာ မင်းလည်းသိမှာပါ"

သူ့မှာယုံကြည်မှုမရှိဘူးဆိုရင် ဘယ်သူ့မှာယုံကြည်မှုရှိရတော့မှာလဲ။

သူ့ဘေးက ဖုကျင်းရှောင်းက လက်ထဲကဝိုင်ခွက်ကို ကစားနေရင် တိုးတိုးပြောလာလာတယ် "ယောက်ျားလေး"

ရှန်မင်လောင်ပြောလိုက်တယ် "အခုခေတ်က ယောက်ျားချင်းလက်ထပ်တာကို တရားဝင်ခွင့်ပြုပြီးသွားပြီလေ ဒါပေမဲ့ လူတွေအားလုံးတော့ လက်မခံကြသေးဘူး တကယ်လို့ယောက်ျားလေးသာဆိုရင် မင်းရဲ့အနေအထားနဲ့ဆို ဖြေရှင်းဖို့ခက်လောက်မယ်ထင်တယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now