Chapter - 57.1

12.5K 2.1K 241
                                    

Unicode

ကျွန်တော့်မှာသဘောကျရတဲ့သူရှိနေပြီ
___________________________________

နေရာမှာရှိနေတဲ့ဧည့်သည်တွေရဲ့အကြည့်တွေက တောက်ပလျက်ရှိတယ်။ ပြီးတော့ရှန်ရှင်းဆွေ့ကိုယ်တိုင်လည်း အနည်းငယ်စိတ်လှုပ်ရှားနေမိတယ်။ သူကရှန်ရှင်းချန်လိုမျိုး သဘာဝဆန်ဆန်မလုပ်တတ်ဘူး။ ဒီဖုန်းတစ်ကောက အမေ့ကိုဆူညံမိသွားစေမှာစိုးရိမ်နေမိတယ်။ တစ်ဖက်လူကိုစိတ်ရှုပ်တယ်လို့ ခံစားမိသွားစေမှာစိုးရိမ်နေမိတယ်။ ဒီလိုစိတ်ပူစိုးရိမ်နေမိတာမျိုးက မသိစိတ်ကနေတုံ့ပြန်လိုက်တာမျိုးပဲ။

ဖုန်းတစ်ဖက်က အချိန်အတော်ကြာတိတ်ဆိတ်သွားလေတယ်။ နောက်တော့ ရွှိအန်းကျန်းရဲ့အသံကပြန်ထွက်ပေါ်လာခဲ့တယ်။ စောနကစိတ်မရှည်တဲ့အသံနဲ့ လုံးဝမတူတော့ဘဲ အပြုံးလေးနဲ့သိမ်မွေ့စွာနဲ့ "ဆွေ့ဆွေ့လား?"

ရှန်ရှင်းဆွေ့ ဖွဖွလေးအသံပြုလိုက်တယ်။

"တကယ်ပဲဆွေ့ဆွေ့ကိုး မားမားကနားကြားမှားလိုက်တယ်ထင်နေတာ သားဘယ်လိုလုပ်အစောကြီးနိုးနေတာလဲ?" ရွှိအန်းကျန်းက ဦးဆောင်ပြောလာတယ် "မနက်စာရောစားပြီးသွားပြီလား?"

ရှန်ရှင်းဆွေ့အမှန်အတိုင်းပဲဖြေလိုက်တယ် "မစားရသေးဘူး"

ခဏလောက်တွေဝေသွားပြီးနောက်မှာ အခုကမေးမြန်းဖို့အတွက် အချိန်ကောင်းဖြစ်ပုံပဲ။

ရှန်ရှင်းဆွေ့ဖုန်းကိုင်ထားရင်း လျှာသပ်လိုက်ကာ သတ္တိလေးသုံးပြီးမေးလိုက်တယ် "ဟို...မား...ကျွန်တော်အမှန်တော့ ရိုက်ကူးရေးလုပ်နေတာ တကယ်တော့ကျွန်တော်တစ်ခုမေးချင်လို့ မားမနက်စာ..."

သူစကားပြောလို့မပြီးသေးခင်မှာပဲ ရွှိအန်းကျန်းက သူ့ထက်တစ်လှမ်းဦးသွားခဲ့တယ် "ဒီလောက်အစောကြီးရိုက်ကူးရေးလုပ်နေတာကို မနက်စာမစားရသေးလို့ဘယ်ဖြစ်ပါ့မလဲ ခန္ဓာကိုယ်ကဘယ်လိုလုပ်ခံနိုင်ပါ့မလဲ တကယ်ကိုမသင့်တော်တာပဲ ဆွေ့ဆွေ့မကြောက်နဲ့နော် သားဘာစားချင်လဲပြောလိုက် မားမားအခုပဲလေယာဥ်စီးပြီးလာပို့ပေးမယ်"

.....

?

ရှန်ရှင်းဆွေ့ကအမေသဘောတူလိုက်ပြီး မစ်ရှင်အောင်သွားဖို့ပဲမျှော်လင့်သွားတာဖြစ်တယ်။ ဒါပေမဲ့ အမေကအတည်ပြောလာလိမ့်မယ်လို့မထင်ထားမိလေဘူး "ဟို...ဟိုမား...တကယ်တော့ကိစ္စမရှိပါဘူး အခုစောနေသေးတယ်လေ မိုးတောင်မလင်းသေးဘူး မားဆက်အိပ်လိုက်ပါ ပြီးတော့လေယာဥ်စီးရင် လက်မှတ်မှာနေရဦးမှာလေ အတော်လေးလည်းဝေးတယ် ကျွန်တော်တကယ်ကိစ္စမရှိပါဘူး ရိုက်ကူးရေးအဖွဲ့က စားစရာပေးပါတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now