Chapter - 107

7.8K 1.1K 65
                                    

Unicode

လူလုပ်တဲ့နေရာမှာ အရမ်းယှဥ်ပြိုင်လို့မရဘူး
________________________________________

ရှန်ရှင်းချန် ခပ်ကြာကြာနေမှ ပြောလိုက်နိုင်တယ် "လောင်တိ မင်းငါ့ကိုမခြောက်နဲ့ ဒီကမ္ဘာပေါ်မှာ သရဲမရှိသင့်ဘူး မဟုတ်ဘူးလား?"

"အာ?" ရှန်ရှင်းဆွေ့ အဲဒီတော့မှ တုန့်ပြန်လိုက်နိုင်တယ်။ သူဖွဖွရယ်လိုက်ပြီး ပြောလိုက်တယ် "အင်း ဟုတ်တယ် သရဲမရှိရင်လည်း ကောင်းတာပဲ"

ဘေးနားက ဝမ်းရှန်းကောက သရဲအိမ်ရဲ့အရိပ်ထဲကနေ ထွက်လာလေပြီ။ သူရေတစ်ပုလင်းယူလိုက်ပြီး ပြောလိုက်တယ် "တကယ်တော့ သရဲရှိတယ်ဆိုတာလည်း ကောင်းတာပါပဲ၊ မင်းစဥ်းစားကြည့်လေ၊ တကယ်လို့ သရဲရှိတယ်ဆိုရင် ငါတို့ရဲ့သေသွားပြီးတဲ့ချစ်ရသူတွေက တကယ်ထွက်ခွာသွားမှာမဟုတ်ဘူး၊ နည်းလမ်းတစ်မျိုးပြောင်းပြီးတော့ ငါတို့ဘေးမှာ အဖော်ပြုပေးနေမှာ"

ရှန်ရှင်းချန်ကတော့ သဘောမတူလေဘူး "မမြင်ရ၊ မတွေ့ရနိုင်တဲ့ အဖော်ပြုမှုမျိုးနဲ့ သရဲဖြစ်သွားတော့ရော ဘာအသုံးဝင်မှာလဲ၊ သတ္တိရှိရင် rebirthလုပ်ပါလား"

ဘေးနားက ရှန်ရှင်းဆွေ့ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားလေတယ်။ သူ့ရဲ့အကြည့်တွေက အဓိပ္ပာယ်နက်ရှိုင်းစွာနဲ့ သူ့ကောကောကိုကြည့်ကာ ဖွဖွပြုံးလိုက်တယ် "မင်းကဒီလောက်သရဲကြောက်တာ၊ rebirthဖြစ်လာတယ်ဆိုရင် မင်းလန့်ပြီးသေသွားမှာမဟုတ်ဘူးလား"

"မဟုတ်တာ!" ရှန်ရှင်းချန်ရဲ့တုန့်ပြန်မှုက အရမ်းမြန်လေတယ်။ သူ ရှန်ရှင်းဆွေ့လက်ထဲက ရေဘူးကိုယူလိုက်ပြီး နှစ်ငုံလောက်သောက်လိုက်တယ်။ ရှန်ရှင်းဆွေ့ပုခုံးပေါ် လက်တင်လိုက်ရင်း တောက်ပစွာပြုံးလိုက်တယ် "အပျော်တောင်လွန်နေဦးမှာ၊ ပြီးတော့ သူကတခြားသရဲလည်းမဟုတ်ဘူးလေ၊ ငါ့မိသားစုဝင်ပဲဟာ"

ဝမ်းရှန်းကော မကျေမနပ်ပြောလာတယ် "ဒီလို ပြန်လည်မွေးဖွားလာတဲ့ ကိစ္စကောင်းမျိုးက ဘယ်လိုလုပ် မင်းအလှည့်ရောက်မှာတဲ့လဲ?"

ရှန်ရှင်းချန် သူ့ကိုပြောင်ပြလိုက်တယ် "ဘာလို့ငါ့အလှည့်မရောက်ရမှာလဲ၊ မရရင်ပစ္စည်းတစ်ခုခုနဲ့ အလဲအထပ်လုပ်မှာပေါ့"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now