Chapter - 104

7.2K 1.2K 121
                                    

Unicode

အကောင့်ပေါက်ကြားခြင်း
________________________

ဒုတိယနေ့ရောက်တော့ ဖန်တွေတော်တော်များများ ဒီကိစ္စကို သိနေကြလေပြီ။

သူတို့studioက အနုပညာရှင်ရဲ့ fan groupထဲက ဝန်ထမ်းတွေကို အမြဲတမ်း followလုပ်ထားတယ်။ အရေးကြီးကိစ္စတွေကို ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်ဖို့အတွက် ဝန်ထမ်းလေးက ဒီကိစ္စကို ဝမ်မိန်စန့်ဆီ မြန်မြန်ပို့ပေးလိုက်တယ်။

ဝမ်မိန်စန့်လည်း ညတုန်းက ရှန်ရှင်းဆွေ့ကို ဆက်သွယ်လိုက်လေတယ်။

အဲဒီအချိန်တုန်းက ရှန်ရှင်းဆွေ့ ကုတင်ပေါ်မှာလှဲနေပြီး ထတောင်မထိုင်ရသေးဘူး။ ဝမ်မိန်စန့် ဒီအကြောင်းကိုပြောလာတဲ့အချိန်မှာ ကုတင်ပေါ်ကနေ ပြုတ်ကျမတတ်တောင် ဖြစ်သွားရတယ် "ဘယ်လို!"

ဝမ်မိန်စန့် ချောင်းဖွဖွဟန့်လိုက်တယ် "ကြည့်ရတာ သူတို့ဖန်တွေက မင်းရဲ့အရံအကောင့်ကို ဖော်ထုတ်မိပြီးပြီထင်တယ်၊ ပြီးတော့ အခုဆိုရင် တရားဝင်တောင် ချပြဦးမဲ့ပုံပဲ ဆွေ့ဆွေ့"

"ဘယ်...ဘယ်လို?" ရှန်ရှင်းဆွေ့ ကုတင်ပေါ်မှာ ထိုင်နေတဲ့အချိန် ကြောင်တောင်တောင်လေး ဖြစ်နေတော့တယ် "ဘယ်လိုလုပ် ပေါက်ကြားသွားတာလဲ၊ သူတို့ဘယ်လိုများ ရှာတွေ့သွားကြတာလဲ?"

ဝမ်မိန်စန့် ရယ်လိုက်တယ် "ဒါတော့ ကျဲလည်းမသိဘူး၊ ဒါပေမဲ့ မင်းရဲ့အရံအကောင့်မှာလည်း ဘာမကောင်းတဲ့သတင်းမှ ထူးထူးခြားခြား မရှိလောက်ဘူးမလား ဆွေ့ဆွေ့၊ ဒါကိုကျဲဂရုအစိုက်ဆုံးပဲ၊ မင်းကအခု အထိခိုက်မခံနိုင်ဆုံး အချိန်မှာရောက်နေတာ ဘာကိစ္စမှဖြစ်လို့မရဘူး"

ရှန်ရှင်းဆွေ့ လုံးဝကို ကြောင်အနေတော့တယ်။

ဒါပေမဲ့ အေးဂျင့်က မေးလာမှတော့ သူလည်း ရိုးရိုးသားသားပဲ ဖြေလိုက်နိုင်တော့တယ် "မကောင်းတာတွေ....ကတော့ မရှိပါဘူး"

ဝမ်မိန်စန့် သက်ပြင်းချကာ ဆက်ပြောလာတယ် "အဲ့တာဆို ပြီးတာပါပဲ၊ မင်းစိတ်မပူနဲ့၊ တကယ်လို့ နေ့စဥ်ဘဝနဲ့ ပတ်သက်တဲ့ အချက်အလက်မျိုးတွေဆိုရင် ပေါက်ကြားသွားလည်း ဘာမှမဖြစ်ဘူး၊ ဘယ်လောက်မှ ဆူပွက်မှုအကြီးကြီးတော့ ဖြစ်သွားစေနိုင်မှာမဟုတ်ဘူး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now