Chapter - 96

7.7K 1.4K 57
                                    

Unicode

ရှန်လောင်ရှီးနဲ့ သူက အရမ်းလိုက်ဖက်တာပဲ
________________________________________

ဒီလောက်နိမ့်တဲ့လစာကို ဒီဘဝမှာ သူကြားနိုင်လိမ့်ဦးမယ်လို့ ရှန်ရှင်းဆွေ့ မထင်ထားမိဘူး။ သူအခု ကြေငြာတစ်ခု ရိုက်ရင်တောင် ၃၊၄ရက်ရိုက်ခက လေးငါးသိန်းလေ။

သုံးထောင်။

သူအခုရိုက်ကူးရေးက နှစ်ဝက်လောက်တော့ အချိန်ပေးရမှာ။ အစားအသောက်စရိတ် ၊ အသွားအလာစရိတ်၊ နေထိုင်စရိတ်လည်း ရှိသေးတယ်။ ဒါအပြင် နှစ်တစ်ဝက်လောက် အချိန်လည်း နှောင့်နှေးနေဦးမှာ။ အဲ့တာက အလကားရိုက်ပေးတာနဲ့ မညီမျှနေဘူးလား?

ကျန်းစန်းစန်းလည်း ဒီသဘောတရားကို နားလည်တယ်ဆိုတာ သိသာတယ်။ သူအလျင်အမြန်ပြောလာတယ် "ကျွန်တော်သိပါတယ် ကျွန်တော်သိပါတယ် ရင်းနှီးမြှုပ်နှံတဲ့သူရှိလာရင်တော့ အဆင်ပြေသွားမှာပါ"

ရှန်ရှင်းဆွေ့ ခဏလောက်တွေဝေပြီးမှ သူ့ရဲ့အေးဂျင့်နဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ရှန်ရှင်းဆွေ့ သူ့ကိုလာရှာတဲ့အချိန် ဝမ်မိန်စန့်က သူ့အနုပညာရှင်က ဘယ်လောက်တောင် လန့်ရာကောင်းတဲ့ စကားတွေပြောမယ်ဆိုတာကို သူမသိသေးလေဘူး။ သူပြောလာခဲ့တယ် "မင်းရဲ့သီချင်းထုတ်လုပ်တာ ဘယ်လိုနေလဲ?"

ရှန်ရှင်းဆွေ့ ပြန်ဖြေလိုက်တယ် "အတော်လေး အဆင်ပြေပါတယ် ချောချောမွေ့မွေ့ပါပဲ"

"အဲ့တာဆိုပြီးတာပဲ" ဝမ်မိန်စန့် လက်ထဲမှာ ဖိုင်တွေကိုင်ထားရင်း ပြောလာတယ် "အမှန်တိုင်းပြောရရင် ဆွေ့ဆွေ့ ဒီနှစ်နှစ်လုံး မင်းအတွက် လက်ခံပေးခဲ့တာတွေအားလုံးက ဂီတနဲ့ပတ်သက်တဲ့ သီချင်းဖန်တီးတာတို့ နောက်ပြီး variety showသွားပြီး နာမည်ရအောင် လုပ်တာလောက်ပဲရှိခဲ့တာ မင်းရဲ့အိပ်မက်ကလည်း အရမ်းကောင်းတယ်၊ သီချင်းထုတ်လာလည်း အတော်လေးမဆိုးဘူး ဒါပေမဲ့ မင်းလည်းသိပါတယ် ဂီတက တကယ်တော့...... ပိုက်ဆံမဝင်ဘူးဆိုတာကိုလေ"

ရှန်ရှင်းဆွေ့လည်း ဒါကိုနားလည်ပါတယ်။ ကုမ္ပဏီက အနုပညာရှင်တွေကို မွေးထုတ်ပေးနေတာက အနုပညာရှင်တွေ အိပ်မက်နောက်တာကို ကူညီပေးဖို့တင်ဆိုတာ မဖြစ်နိုင်ဘူးလေ။ အေးဂျင့်မှာလည်း ထမင်းစားဖို့လိုအပ်သလို အဖွဲ့သားတွေကလည်း ထမင်းစားဖို့လိုအပ်ကြတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now