Chapter - 67.3

10.4K 1.9K 122
                                    

Unicode

fanသရုပ်မှန်ဖော်ထုတ်မိခြင်း
__________________________

ဖုကျင်းရှောင်း ကျန်းကျောင်းနဲ့စကားပြောနေတုန်းမှာပဲ Weiboကနေnotiတက်လာခဲ့တယ်။ ၁၀ရက်ကျော်လောက် တိတ်ဆိတ်နေခဲ့တဲ့ ကျန်ကျစ်က နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ စတင်လှုပ်ရှားလာတော့တယ်။

ကျန်ကျစ်ဒီရက်ပိုင်းမှာ တစ်ချိန်လုံးကြောက်ရွံ့နေခဲ့တာဖြစ်တယ်။ မမှားဘူး။ ရှန်ရှင်းဆွေ့သက်သေတွေထုတ်ပြပြီး သူ့ကိုထိုးနှက်လာမှာကို ကြောက်နေခဲ့တာဖြစ်တယ်။ အဲဒီအချိန်ရောက်လာခဲ့ရင် သူ့ဖန်တွေရှေ့ကပုံရိပ်က လုံးဝပျက်စီးသွားလိမ့်မယ်။ ဒါပေမဲ့ ရက်တွေတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပေမဲ့ ရှန်ရှင်းဆွေ့ကတော့ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့ပြီး သူ့ကိုတစ်ရက်ထက်တစ်ရက် ပိုပိုညှင်းပန်းနှိပ်စက်နေခဲ့တယ်။ သူကဘယ်တုန်းကမှ ခံရတဲ့သူမဟုတ်ခဲ့ဘူး။ အဲ့တာကြောင့် အသေအချာစဥ်းစားပြီးနောက်မှာ ကြေညာချက်တစ်ခုထုတ်ပြန်လိုက်တော့တယ်။

ကျန်ကျစ်v : "အားလုံးမင်္ဂလာပါ အရင်ကသီချင်းကော်ပီတဲ့ကိစ္စကို ပြောရမယ်ဆိုရင် ကျွန်တော့်ညီဖြစ်သူ ရှန်ရှင်းဆွေ့က မူရင်းတေးရေးက သူဖြစ်ကြောင်း အခိုင်အမာပြောဆိုတဲ့အချိန်မှာ ကျွန်တော်ငြင်းဆိုတဲ့သဘောမျိုး တုံ့ပြန်ခဲ့ပါတယ် အဲ့တာကဘာကြောင့်လဲဆိုတော့ သီချင်းစာသားရေးတဲ့သူက သူမဟုတ်ဘဲ ကျွန်တော်နဲ့ကျွန်တော့်အဖွဲ့ ဖန်တီးထားတာကြောင့်မလို့ပါ အငြင်းပွားနေကြတဲ့chorusအပိုင်းကတော့ ကျွန်တော်ဒီမှာပဲ အပြုသဘောနဲ့တုံ့ပြန်ချင်ပါတယ် အဲဒီchorusအပိုင်းက အမှန်တကယ်ပဲ ရှန်ရှင်းဆွေ့ဖန်တီးထားတာပါ ဒါပေမဲ့ ကျွန်တော့်မွေးနေ့မှာ သူကလက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီး ကျွန်တော့်ကိုသုံးခွင့်ပေးခဲ့ပါတယ် လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ရှန်ရှင်းဆွေ့ဘာလို့ရှေ့ထွက်လာပြီး ကျွန်တော့်ကိုကော်ပီတယ်ဆိုပြီး စွပ်စွဲခဲ့သလဲဆိုတာတော့ ကျွန်တော်မသိပါဘူး တကယ်လို့ နားလည်မှုလွဲတာကြောင့်ဆိုရင်တော့ ကျွန်တော်ဆွေ့ဆွေ့နဲ့ ဆွေးနွေးဖြေရှင်းဖို့ ဆန္ဒရှိပါတယ် သီချင်းကိုဖျက်ပေးဖို့လည်း ဆန္ဒရှိပါတယ် ပြီးခဲ့တဲ့ကိစ္စတွေကို ဖုန်မှုန့်အဖြစ်ပဲ ချေဖျက်လိုက်ချင်ပါတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now