Chapter - 93

8.8K 1.4K 144
                                    

Unicode

ယောက္ခမ၏သဘောထားပြောင်းလဲခြင်း
_____________________________________

ဖုကျင်းရှောင်း ဒီလိုပြောလိုက်တော့ အန်းရန်ထိတ်လန့်သွားရတယ်။

အန်းရန်တင်မကဘဲ နေရာမှာရှိနေသူတိုင်း ထိတ်လန့်သွားရတယ်။ နေရာမှာရှိနေတဲ့သူတွေတင်မကဘဲ live roomထဲကပရိသတ်တွေပါ အကြီးအကျယ်ထိတ်လန့်သွားတော့တယ်!

သူစကားပြောလို့ မပြီးသေးခင်မှာပဲ လူဦးရေအများအပြားကို လက်မခံနိုင်တော့တာကြောင့် live platformကျသွားကာ 460ဖြစ်သွားတော့တယ်။

ရုတ်တရက်ထွက်ပေါ်လာတဲ့ အမဲရောင်စခရင်ကြောင့် အင်တာနက်သုံးစွဲသူတွေ ရူးသွပ်ကုန်တော့တယ်။

"ဘာအခြေအနေလဲ?"

"ဖုလောင်ရှီးရဲ့ 'အားနာပါတယ် စကားဖြတ်ပါရစေ'လို့ ပြောတဲ့အထိပဲ ငါကြားလိုက်ရတယ် နောက်ပိုင်းဟာကို မသိလိုက်ရတော့ဘူး! ! !"

"ငါလူး ငါ့အခန်းဖော် စိတ်တိုလွန်းလို့ ဖုန်းကိုခွဲပစ်လိုက်ပြီ"

"live platformရေ နင်ဘာဖြစ်နေတာလဲ???"

"အမှန်တိုင်းပြောရရင် အရှေ့ပိုင်းက ဖရဲသီးတွေနဲ့တင် ငါ့ကိုစိတ်နဲ့လူမကပ်အောင် လုပ်နိုင်ပြီးသွားပြီ"

တိုတောင်းလှတဲ့ ၁၀မိနစ်အတွင်းမှာ ဒီlive roomငယ်လေးက နာမည်ကြီးလာပြီး Weiboမှာလည်း မနည်းလှတဲ့ hot searchတွေအဖြစ် ရောက်ရှိလာခဲ့တယ်။ Weiboမှာ ဖရဲသီးစားဖို့ ပြင်နေကြတဲ့ သူတွေလည်း hot searchက ရှာဖွေမှုစာရင်းကို အံ့သြစွာကြည့်နေမိကြတော့တယ်။

#ကျန်ကျစ် ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ သံသယဝင်ခံရမှု ထွက်ပေါ်လာ#

#စွန့်ပစ်ခံလိုက်ရတဲ့ကျန်ကျစ်#

#အန်းရန်နှင့်ကျန်ကျစ် ရှန်ရှင်းဆွေ့ကိုဆေးခပ်ရန် ကြိုးစားခြင်း#

#တကယ်ပဲဘယ်သူက ခိုင်းစေခဲ့တာလဲ#

နောက်တစ်မိနစ်မှာပဲ hot searchတစ်ခုက ဒီနေ့ရဲ့hot searchတွေအားလုံးကို ကျော်လွန်ပြီး မိနစ်အနည်းငယ်အတွင်းမှာ ထိပ်ဆုံးရောက်သွားတော့တယ်။

#ဖုကျင်းရှောင်း စကားဖြတ်ပါရစေ#

တစ်နေ့တည်းမှာတင် ထွက်ပေါ်လာတဲ့ ဖရဲသီးတွေက အားလုံးကိုမျက်လုံးပြူးသွားစေခဲ့တယ်။ ဖုကျင်းရှောင်းက ထိပ်တန်းနာမည်ကြီးတစ်ယောက်ဖြစ်ပြီး နိုင်ငံအဆင့်ကျော်ကြားမှုမျိုးဖြစ်တယ်။ ဦးလေးကြီးတွေ အဒေါ်ကြီးတွေတောင်မှ သိနေကြတဲ့ အိုင်ဒေါတစ်ဦးဖြစ်တယ်။ live roomရဲ့ အမဲရောင်စခရင်က အားလုံးကိုသိချင်စိတ် ပြင်းပြစေခဲ့တယ်။ နောက်ပြောလာမဲ့စကားက ပိုပြီးကြီးမားတဲ့ဖရဲသီးဆိုတာကို အတွေ့အကြုံရှိသူတိုင်းသိကြတယ်။ ဒါပေမဲ့ ဒီအချိန်ကျတော့မှ live roomက အမဲရောင်စခရင်ဖြစ်သွားတယ်လေ! !

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now