Chapter - 26

12.2K 1.9K 316
                                    

Unicode

အဲ့ဒီ့နှစ်ကအမှန်တရား
____________________

ရှန်မင်လောင်အဲ့စကားကိုပြောလိုက်တဲ့နောက်မှာ ဒါရိုက်တာ့စိတ်ထဲ ဒီနေ့ကကံမကောင်းတဲ့နေ့ပဲလို့ ခံစားမိနေတော့တယ်။

အစကတည်းက ဒီတစ်ခေါက်ဖိတ်ခေါ်ထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဒါရိုက်တာတွေအားလုံးက ကုမ္ပဏီကြီးတွေကချည်းပဲဖြစ်တယ်။ ရိုက်ကူးရေးအဖွဲ့က ဖုကျင်းရှောင်းကိုဖိတ်ခေါ်နိုင်ခဲ့လို့ ကံကောင်းတယ်လို့ခံစားနေခဲ့ရတာဖြစ်တယ်။ ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့၃ရက်၃ညလောက် ကံကောင်းနေကြပြီး ပျော်လွန်းလို့အိပ်တောင်မပျော်နိုင်ခဲ့ကြဘူး။ သူတို့မထင်ထားတာက အလွယ်တကူ လျန်တောင်ပေါ်တက်သွားခဲ့ပေမဲ့ ဆင်းမလာနိုင်တော့ဘူး။

ရှန်မိသားစုနဲ့ ကျန်မိသားစုနဲ့ကို နှိုင်းယှဥ်ကြည့်လိုက်ရင် မိသားစုနှစ်ခုလုံးက ရင်းနှီးမြုပ်နှံမှုအကြီးဆုံးသူတွေပဲဖြစ်တယ်။ ဒါပေမဲ့သေချာတာပေါ့ ရှန်မိသားစုကပိုသာလေတယ်။ အစကရှန်မိသားစုကလည်း ရှန်ရှင်းချန်အတွက်ဘာမှမတောင်းဆိုသေးဖူးဘူး။ ကျန်မိသားစုကပဲ ဒီကိစ္စဟိုကိစ္စနဲ့ဖြစ်နေတာ။ ရိုက်ကူးရေးအဖွဲ့ကတောင် အဖေတစ်ယောက်တည်းကိုလုပ်ပေးနေရလို့ ဝမ်းသာနေသေးတာ။ ဒါပေမဲ့လုံးဝထင်မထားတာက ကိစ္စတွေကအဲ့လောက်ရိုးရှင်းမနေလေဘူး။

အခုရှန်မိသားစုကစကားပါးလာပြီဖြစ်ကာ သူတို့ကတောင်းဆိုလာလေပြီ။

ပြီးတော့သူတို့ရှေ့မှာ ဘိုးဘေးလေးတစ်ယောက်က ထိုင်နေသေးတယ်။ ဖုကျင်းရှောင်းကအနုပညာလောကထဲမှာ အသိအမှတ်ပြုခံထားရပြီး သတ်မှတ်ချက်ကောင်းရထားသူဖြစ်တယ်။ ဒါပေမဲ့အဲ့တာက သူကစကားပြောလို့ကောင်းတဲ့ သူတစ်ယောက်လို့မဆိုလိုဘူး။ တကယ်လို့ကျန်မိသားစု၊ ရှန်မိသားစုနဲ့ ဖုကျင်းရှောင်းကို အပြစ်လုပ်ဖို့ရွေးချယ်ရမယ်ဆိုရင် အရှေ့ကတစ်ခုကိုပဲရွေးမှာဖြစ်တယ်။ ကုမ္ပဏီကိုအပြစ်လုပ်မိသွားတာက ဒီအစီအစဥ်ကိုဆက်ပြီး ရိုက်ကူးဖို့မဖြစ်နိုင်ရုံလောက်ပဲ။ ဖုကျင်းရှောင်းကိုအပြစ်ပြုမိသွားရင် ဒီအနုပညာလောကထဲ ဆက်နေလို့ရတော့မှာမဟုတ်ဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now