Chapter - 68.1

10.6K 2K 153
                                    

Unicode

နှုတ်ဆက်ပါတယ် ရုပ်ရှင်ဧကရာဇ်ဖု
_________________________________

သူ့ဒီဘဝမှ တစ်ခါမှဒီလောက် မရှက်ခဲ့ဖူးဘူးဆိုတာ ရှန်ရှင်းဆွေ့ပြောရဲတယ်။

ဒီလိုခံစားချက်မျိုးက အရမ်းကိုအံ့သြစရာကောင်းလွန်းတယ်။ ပြောရရင် ဟိုးလွန်တဲ့အချိန် အပြင်မှာဖုလောင်ရှီးနဲ့ မတွေ့ရသေးခင်မှာ ဖုလောင်ရှီးကသူ့ကိုfollowလုပ်ခဲ့တယ်ဆိုရင် သူကောင်းကင်တက်တော့မတတ် ပျော်သွားခဲ့မှာအမှန်ပဲ။ ဒါပေမဲ့ တကယ်လို့အခြေအနေက ရုတ်တရက်ပြောင်းလဲသွားပြီး သူကမင်းရဲ့လက်တွေ့ဘဝမှာ သူငယ်ချင်းအဖြစ် ပြောင်းလဲသွားခဲ့တယ်။ နောက်ပြီး လက်တွေ့ဘဝက သူငယ်ချင်းက မင်းကတကယ်တော့ အရူးအမူးစွဲလမ်းသူတစ်ယောက်ဆိုတာ သိသွားခဲ့ရင်......

ဒီအရှက်ကွဲမှုအတိုင်းအတာကလည်း ထင်ရှားလွန်းလိုက်တာ။

အားအားအား......

သူစိတ်ထဲမှာအော်ဟစ်နေမိတယ်။

ဘယ်လိုလုပ်ရမလဲ!

ရှန်ရှင်းဆွေ့ လုံးဝရူးတော့မတတ်ပဲ။ ဘာလို့ဖုလောင်ရှီးရဲ့မှတ်ဉာဏ်က ဒီလောက်ကောင်းနေရတာလဲ။ နှစ်နှစ်လောက်တောင်ကြာနေခဲ့ပြီဟာကို သူ့ရဲ့စာမူမှန်းဘယ်လိုလုပ်မှတ်မိသွားခဲ့တာလဲ။ ပြီတော့ ဘယ်လိုလုပ်ပြီး ဖန်ပေါင်းသောင်းချီရဲ့စာတွေထဲက သူ့ကိုဆွဲထုတ်နိုင်လိုက်တာတုန်း။ ဒီအမျိုးသားကမှော်ပညာတွေများတတ်သလား။ ဒါမှမဟုတ် လုပ်နိုင်စွမ်းကပဲမြင့်လွန်းနေတာလား!

ပုံမှန်အတိုင်းပြောရရင် အနုပညာရှင်တစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြတဲ့သူတွေများကြီးရှိကြတယ်။ followလုပ်လိုက်တာမပြောနဲ့ unfollowလုပ်လိုက်တယ်ဆိုရင်တောင် အကုန်လုံးကပထမဆုံးအချိန်မှာတင် သတိထားမိကြတယ်။ အထူးသဖြင့် ရုပ်ရှင်ဧကရာဇ်ဖုလို နာမည်ကြီးအနုပညာရှင်ဆို ပိုသတိထားမိကြတာပေါ့။ အဲတာကြောင့် မကြာခင်မှာပဲဖန်တစ်ချို့က သဲလွန်စကိုစတင်သတိထားမိလာကြတယ် :

"ဖုကော တစ်ယောက်ကိုထပ်ပြီးfollowလုပ်လိုက်တာထင်တယ်"

"ဖုကျင်းရှောင်းရဲ့အနောက်ခန်းဆောင်သခင်မ?!"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now