Chapter - 57.2

12.7K 2K 87
                                    

Unicode

ကျွန်တော့်မှာသဘောကျတဲ့သူရှိနေပြီ
___________________________________

ရိုက်ကူးရေးအဖွဲ့ရဲ့ ရုတ်တရက်ဖုန်းခေါ်ဆိုခိုင်းမှုကြောင့် ဒီနေ့live roomက မနက်၅နာရီကျော်ကျော်လောက်မှာတင် လူဦးရေ၃၅၀မီလီယမ်အထိ ရောက်ရှိသွားခဲ့တယ်။ live appတော်တော်များများတောင် တစ်ဟုန်ထိုးတက်လာတဲ့ မှတ်ချက်တွေနဲ့လူဦးရေတွေကြောင့် အကုန်လုံးရပ်ဆိုင်းသွားလုနီးနီးဖြစ်သွားရတယ်။ နေမင်းကြီးထွက်မလာသေးခင်မှာတင် hot searchထဲဝင်နေပြီဖြစ်တယ် :

#ရှန်ရှင်းဆွေ့က ရှန်မိသားစုကကလေးအမှန်ပဲ#

#လူမှာနှစ်ထပ်ကွမ်းစံပြတွေဘယ်နှခုတောင်ရှိတာလဲ#

#ရှန်ရှင်းချန်ရဲ့မျက်နှာရဖို့ဆန့်ကျင်ခြင်းဖြစ်စဥ်#

#အနာဂတ်ယောက္ခမကြီးက တကယ်ချစ်ဖို့ကောင်းတာပဲ#

တစ်နာရီဆိုတဲ့အချိန်တိုတိုလေးအတွင်းမှာ hot searchရဲ့ထိပ်ပိုင်းနေရာတွေအားလုံးနီးပါးကို 'BrightStar'ကသိမ်းပိုက်သွားခဲ့တယ်။ ဒီအစီအစဥ်စတင်ထုတ်လွှင့်ချိန်ကနေအခုထိ ကြည့်ရှုနှုန်းတွေအဆက်မပြတ်တိုးနေခဲ့တယ်။ အခုတော့ နိုးလာတဲ့သူတွေပိုပိုများလာပြီး အစီအစဥ်ရဲ့ratingက ဆက်တိုက်တက်လိုက်ကျလိုက်ဖြစ်နေတော့တယ်။ ဆွေးနွေးမှုမှာပါဝင်လာတဲ့ပရိသတ်တွေလည်း ပိုပိုများပြားလာခဲ့တယ်။

အန်းရန်ဖုန်းကိုယူလိုက်ပြီးနောက်မှာ ဖုန်းဆက်လိုက်တယ်။ တစ်ဖက်ကကျန်ခေါ့ကိုင်တာဖြစ်တယ်။

ကျန်ခေါ့ရဲ့မနက်ခင်းပိုင်းအသံက အနည်းငယ်စိတ်မရှည်တဲ့ပုံပေါက်နေတယ် "ဝေ ရန်ရန်လား ဘာဖြစ်လို့လဲ?"

အန်းရန်စမ်းပြောကြည့်လိုက်တယ် "ပါပါး ကျွန်တော်ရိုက်ကူးရေးလုပ်နေတာ ကျွန်တော်အခုမနက်စာတောင်မစားရသေးဘူး ပါးကျွန်တော့်အတွက်မနက်စာလာပို့ပေးလို့ရမလား?"

"မနက်စာပို့တာ?" ကျန်ခေါ့ခဏတွေဝေသွားပြီး နည်းနည်းသံသယဖြစ်နေပုံနဲ့ "မင်းတို့ရိုက်ကူးရေးအဖွဲ့က မစီစဥ်ပေးဘူးလား?"

အန်းရန်အသံပြုလိုက်တယ်။ သူ့ရဲ့အသံကနူးညံ့ပြီး အားနည်းလွန်းလှတယ်။ အဲ့လိုအသံမျိုးက ကြားရသူကို သနားသွားစေတဲ့အသံမျိုးဖြစ်တယ် "ပါး ကျွန်တော့်အတွက်လာပို့ပေးလို့ရမလား?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now