Chapter - 86

8.9K 1.5K 77
                                    

Unicode

ကိုယ်တို့တရားင်ဖွင့်ပြောကြရအောင်
____________________________________

ဒီအနမ်းက တဖြည်းဖြည်း အဆုံးသတ်သွားခဲ့တယ်။ ဒါပေမဲ့ ရှန်ရှင်းဆွေ့ရဲ့ နှလုံးခုန်မြန်မှုကတော့ ဗုံတစ်လုံးလို မြည်ဟိန်းနေပြီး နည်းနည်းလေးမှ အဆုံးသတ်မသွားခဲ့ဘူး။

သူ့မျက်လုံးက မှိတ်ကလက် မှိတ်ကလက်ဖြစ်နေမိတယ်။ သူဘယ်လိုမျိုး စိတ်ကူးယဥ်အိပ်မက်ထဲ ရောက်ရှိသွားလို့ ဒီစကားကိုကြားလိုက်ရပါလိမ့်။ ဒီနေ့မှာပဲ။ ဒီလိုအေးချမ်းတဲ့ နွေဦးရာသီညမှာပဲ။ သူသဘောကျရတဲ့အိုင်ဒေါဆီကနေ ချစ်တယ်လို့အပြောခံလိုက်ရတယ်။

ဖုကျင်းရှောင်း သူ့ရဲ့အနည်းငယ်ကြမ်းတဲ့ လက်ချောင်းတွေနဲ့ ရှန်ရှင်းဆွေ့ရဲ့မျက်နှာလေးကို ပွတ်လိုက်ပြီး ရယ်သံနဲ့ပြောလိုက်တယ် "နည်းနည်းလေးတော့ တုံ့ပြန်ပါဦး ရှန်လောင်ရှီးရဲ့ ခင်ဗျားလေး ဒီလိုလုပ်နေတာက ကိုယ့်ကိုမျက်နှာမရ ဖြစ်စေတယ်လေကွာ"

ရှန်ရှင်းဆွေ့ စိတ်နဲ့ကိုယ်ပြန်ကပ်သွားပြီး ဖြူဖွေးတဲ့မျက်နှာပေါ်မှာ အနီရောင်တစ်လွှာ ယှက်ပြေးသွားရတယ်။

သူဒါကိုစဥ်းစားမိပြီးသွားတော့မှ ရှက်ရွံ့လာရလေတယ်။

ဘာလို့လဲဆိုတော့ သူစောနက လက်ခံပြီး နမ်းလိုက်မိတယ်လေ။

သူ့ရဲ့ရိုးအမှုလေးကြောင့် ဖုကျင်းရှောင်း အံ့အားသင့်သွားရတယ်။ နောက်တော့ သူကူရာမဲ့စွာ စိတ်ကျေနပ်စွာနဲ့ ရယ်လိုက်မိတယ် "မျက်နှာအရေက အရမ်းပါးတာပဲ"

အဘက်ဘက်ကနေကြည့်ပြီးပြောရရင် ရှန်ရှင်းဆွေ့ မျက်နှာအရေပါးလွန်းတာမဟုတ်ဘူး။ အဓိက,က တစ်ချို့တစ်ချို့သောတွေက မျက်နှာအရေထူးလွန်းနေတာ။ ဒါပေမဲ့လည်း ဒီစကားကို ဘယ်သူမှပြောရဲမှာမဟုတ်ဘူး။

ဖုကျင်းရှောင်း ထပ်ပြီးပြောလာတယ် "ကြည့်ရတာ ကိုယ်ကြိုးစားရတော့မယ်ထင်တယ် ရှန်လောင်ရှီးကို နောက်ကျရင် ပိုပြီးအသားကျအောင်လေ"

ဘာကို......အသားကျမှာလဲ။

ရှန်ရှင်းဆွေ့ရဲ့မျက်လုံးက တွေဝေမှုတွေနဲ့ပြည့်နေပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိတယ်။ ဒီစကားရဲ့အဓိပ္ပာယ်ကို ကောင်းကောင်းနားမလည်နိုင်ဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now