Chapter - 90

8.5K 1.4K 53
                                    

Unicode

တကယ့်အစစ်အမှန်အဖြစ် ပြောင်းလဲပစ်လိုက်ရအောင်
___________________________________________

မိုးလေတွေကြားမှာ ဘန်ဂလိုထဲမှာရှိနေတဲ့ ကျန်းချီကလည်း ငြိမ်ငြိမ်မထိုင်နိုင်ဘူး ဖြစ်နေလေတယ်။

ရှန်ရှင်းဆွေ့ ကိစ္စတစ်ခုခုများဖြစ်နေမလားလို့ သူစိတ်ပူနေမိတယ်။ တစ်ဖက်ကလည်း သူမကောင်းတဲ့အကြံနဲ့လုပ်ခဲ့မိတာကို ရှန်ရှင်းဆွေ့သတိထားမိသွားမှာ စိုးရိမ်နေမိပြန်တယ်။ သူဧည့်ခန်းထဲမှာ လှည့်ပတ်နေရင်း ကိုယ့်ပါကိုယ်တောင် မူးလာရတယ်။ အဲဒီအချိန်မှာပဲ ဘန်ဂလိုအပြင်ဘက်ကနေ တံခါးသံကြားလိုက်ရတယ်။ ဒီလိုအချိန်မျိုးမှာ ထွက်ပေါ်လာတဲ့တံခါးသံ။ အထူးသဖြင့် ဒီလိုထိတ်လန့်စရာကောင်းတဲ့ညမှာ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ပြောမနေနဲ့တော့။

ကျန်းချီ အလွန်စိတ်လှုပ်ရှားနေလေတယ်။ အိမ်ဖောက်ဝင်တဲ့သူခိုးတစ်ယောက် လူမိခံလိုက်ရသလိုမျိုး တစ်ကိုယ်လုံးတောင့်တင်းနေလေတယ်။

"ဘယ်သူလဲ?"

အပြင်ဘက်က door bellကို အဆက်မပြတ် နှိပ်နေတာဖြစ်လေတယ်။

ကျန်းချီ တံခါးနားကို ခြေလှမ်းသေးလေးနဲ့လျှောက်သွားပြီး ကင်မရာဖွင့်ကြည့်လိုက်တယ်။ တံခါးကနေ တစ်ဆင့်ပြန်ပို့ပေးလာတဲ့ videoထဲမှာ အနက်ရောင်ကုတ်ဝတ်ဆင်ထားတဲ့ ဖုကျင်းရှောင်း ရပ်နေတာကို တွေ့လိုက်ရလေတယ်။ မျက်နှာက အေးစက်နေလေတယ်။ သူစခရင်ကိုကြည့်လိုက်တဲ့အချိန်မှာ အမျိုးသားက သိနေသလိုမျိုးနဲ့ ခေါင်းမော့လာတယ်။ ထို့နောက် မျက်လုံးပင့်လိုက်ပြီး မည်းမှောင်နက်ရှိင်းတဲ့မျက်ဝန်းတွေက ပြန်ကြည့်လာလေတယ်။ စကားတစ်ခွန်းမှာ မပြောလာပေမဲ့ အလွန်ပြင်းထန်တဲ့ ဖိနှိပ်မှုကို ခံစားမိနေလေတယ်။

ကျန်းချီ သက်ပြင်းရှိုက်လိုက်မိတယ်။

ဖုကျင်းရှောင်းက door bellကို ထပ်ပြီး နှိပ်လာပြန်တယ်။ ဘာကြောင့်မှန်းမသိ ကျန်းချီ တံခါးမဖွင့်လိုက်ရဲဘူး။

နောက်တော့ သူ့ကိုအံ့အားသင့်စေမဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလေတယ်။ ဖုကျင်းရှောင်း တစ်နေရာကနေ ကတ်လေးတစ်ခု ဆွဲထုတ်လာတယ်။ နောက်တော့ passwordကို စတင်ရိုက်နှိပ်တော့တယ်။ ဒါကိုမြင်တော့ ကျန်းချီကြောက်ရွံ့လာရတော့တယ်။ သူဖွင့်တောင်မဖွင့်ချင်တဲ့တံခါးက......

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now