Chapter-24 (Part-3)

11.6K 2K 320
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ရဲ့အလွန်အကျွံကာကွယ်ပေးမှု
__________________________________________

နောက်တစ်နေ့

အဆင့်စီစဥ်ရအောင်လို့ ရိုက်ကူးရေးအဖွဲ့က အဖွဲ့နှစ်ဖွဲ့ကြားနဲ့ ပြိုင်ပွဲဝင်တွေကြားမှာ ပြိုင်ပွဲလေးလုပ်ဖို့ စီစဥ်ထားတယ်။ ပြီးတော့ အနိုင်ရတဲ့သူက ဟော့ပေါ့စားဖို့အခွင့်အရေးရရှိလိမ့်မယ်။

ပြိုင်ပွဲဝင်တွေက တက်ကြွစွာနဲ့ပဲ ပါဝင်ပြိုင်ဆိုင်လာကြတယ်။ နည်းပြတွေက ဒိုင်အဖြစ်ပါဝင်ကြပြီးတော့ ရိုက်ကွင်းတစ်ခုလုံးက တက်ကြွစွာလှုပ်ရှားနေကြတယ်။

ဒီတစ်ကြိမ်ကတော့ Liveလွှင့်တာမဟုတ်ပါဘူး။ အဲ့တာကရိုက်ကူးထားပြီးတော့မှ ထုတ်လွှင့်မှာဖြစ်တယ်။ အဲ့တာကြောင့်တစ်ချို့ပြိုင်ပွဲဝင်တွေက ပွင့်လင်းစွာပဲသရုပ်ဆောင်လာကြတယ်။ အဲ့တာကအဆောင်အချင်းချင်းကြားက ပြိုင်ပွဲဖြစ်တယ်။ အဖွဲ့ခေါင်းဆောင်တွေက မဲနိုက်ကြရတယ်။ ပြီးတော့ ကိုယ့်အဆောင်ကသူတစ်ယောက်ကို ထွက်ပြိုင်ခိုင်းရတယ်။

ရှန်ရှင်းချန်ထွက်ပြီး မဲနိုက်တဲ့အချိန်ကျတော့ တခြားသူတွေစိတ်ပူစွာနဲ့ :

"အရမ်းတော်တဲ့ဟာကို မနိုက်လိုက်နဲ့နော်"

"ကံကောင်းပါစေ"

"အဖွဲ့ခေါင်းဆောင် ကျားယို"

ရှန်ရှင်းချန်ကအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးတော့ ရှေ့တစ်လှမ်းလှမ်းလိုက်တယ်။ သူကယုံကြည်ချက်ရှိစွာပဲ သေတ္တာထဲလက်ထည့်လိုက်ပြီး နောက်ဆုံးတော့အနီရောင်ဘောလုံးတစ်လုံးကို ဆွဲထုတ်လိုက်တယ်။

လီလောင်ရှီးက "ဘယ်အဆောင်ကအနီရောင်ဘောလုံးလဲ?"

တိတ်ဆိတ်နေတဲ့အဆောင်သားတွေကြားထဲမှာ တစ်ဖွဲ့ကလက်ထောင်လာကြတယ်။ အဲ့တာကအန်းရန်ရဲ့အဖွဲ့ဖြစ်တယ်။

ရှန်ရှင်းချန်ကပြုံးလိုက်ကာ "ရေစက်ပဲ"

ကျိုးရွှင်ကလည်း မတ်တပ်ရပ်ပြီးပြောလာတယ် "အဲ့တာဆိုတစ်ပွဲလောက်ပြိုင်ကြတာပေါ့?"

"ရတယ်လေ" ရှန်ရှင်းချန်ကခါးထောက်လိုက်ပြီးတော့ မောက်မာစွာနဲ့လက်ခလယ်ထောင်ပြလိုက်တယ် "ဒီသခင်ကြီးကမင်းကိုကြောက်ရမှာလား? ဘယ်ဟာကတကယ့်ခွန်အားလည်းဆိုတာပြပေးမယ် ဘယ်သူကအနိုင်ရတဲ့သူလဲဆိုတာကိုရောပေါ့"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now