Chapter - 45.2

15.2K 2.3K 176
                                    

Unicode

ကျန်းလင်မယား၏အဆုံးသတ်
____________________________

ရှန်ဗီလာကို ပြန်ရောက်လာပြီဖြစ်တယ်။ ဒါကတစ်လအတွင်းမှာ ကျန်ရှင်းဆွေ့ပြန်လာဖြစ်တဲ့ ပထမဆုံးအကြိမ်ပဲ။

အရင်တစ်ခေါက်က တစ်ခဏတာနေထိုင်မှုနဲ့မတူဘူး။ ဒီခေါက်ကသူ ဒီမိသားစုရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြန်ရောက်လာခဲ့တာဖြစ်တယ်။ ကျန်ရှင်းဆွေ့ပန်းခြံလမ်းအတိုင်း လျှောက်လာခဲ့ပြီး တံခါးကြီးကနေ ဝင်သွားလိုက်တယ်။ သူ့လက်ကိုတော့ ရွှီအန်းကျန်းက တစ်လျှောက်လုံး ကိုင်ထားလေတယ်။

ရှန်ရှင်းချန်က "ခဏနေရင် ထမင်းစားရအောင်!"

ရွှီအန်းကျန်းကတော့ ကျန်ရှင်းဆွေ့ရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး ပြောလာတယ် "ကလေး သွားမယ် သားအခန်းသွားကြည့်ကြရအောင်"

ကျန်ရှင်းဆွေ့ တွန့်ဆုတ်သွားပြီး "ကျွန်တော့အတွက်... အခန်းရှိတယ်ပေါ့?"

ရွှီအန်းကျန်းခေါင်းညိတ်ပြပြီး ဖြေလိုက်တယ် "သေချာတာပေါ့!"

ရှန်ယုံးက အနောက်တိုင်းဝတ်စုံရဲ့ အပြင်တစ်ထပ်ကို ဝူမားဆီချွတ်ပေးလိုက်တယ်။ ပြီးတော့ဖိနပ်လဲရင်းနဲ့ "သားမွေးတဲ့အချိန်ကတည်းက ပြင်ဆင်ထားခဲ့ပြီးသား ဒီနှစ်တွေတစ်လျှောက်လုံး ထိန်းသိမ်းထားပေးခဲ့တာ"

ကျန်ရှင်းဆွေ့အံ့အားသင့်စွာနဲ့ မျက်လုံးပြူးသွားရတော့တယ်။

ရွှီအန်းကျန်းက သူ့ကိုဆွဲပြီး ဒုတိယထပ်ကိုတက်သွားတော့တယ်။ အခန်းတံခါးဖွင့်လိုက်တဲ့တစ်ခဏမှာ ပိုလို့အံ့သြသွားရပြီး မူလနေရာမှာပဲ ရပ်နေမိတော့တယ်။

တခြားကြောင့်မဟုတ်ဘူး။ ဒီအခန်းကတောက်ပပြီး အလွန်ကျယ်ဝန်းလှတယ်။ ကြမ်းပြင်ကနေ မျက်နှာကြက်ထိရှိတဲ့ ကြီးမားလှတဲ့ပြတင်းပေါက်တွေပါဝင်ပြီး အပြာရောင်လိုက်ကာတွေကို ချိတ်ဆွဲထားတယ်။ အိပ်ရာခင်းထားတာလည်း အလွန်သပ်ရပ်လှတယ်။ စားပွဲခုံအသေးလေးတစ်လုံးရှိပြီး သပ်သပ်ရပ်ရပ်စီရီထားတဲ့ အဝတ်ဗီရိုလေးလည်းရှိသေးတယ်။ အထဲမှာကလေးအဝတ်လေးတွေရှိနေတာကို မှန်အကြည်တွေကနေ ဖောက်ထွင်းမြင်နိုင်လေတယ်။ ဒါပေမဲ့ သူ့ကိုအံ့အားအသင့်စေဆုံးက ဒီအရာတွေမဟုတ်ဘူး။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now