Chapter - 12

12.9K 2.1K 125
                                    

Unicode

ဖုကောကမင်းကိုတော်တော်လေးကြိုက်တာပဲ
____________________________

အလယ်ထိုင်ခုံမှာပဲထိုင်နေတဲ့ဖုကျင်းရှောင်းက ချက်ချင်းပြန်မဖြေလေဘူး။ ဂျန်ရှင်းဆွေ့ရဲ့ကိုယ်ရေးအချက်အလက်ကို ထပ်ပြီးယူကြည့်လေတယ်။

လျိုရွှောင်းကဘေးကနေပြီး "ငါတို့အရင်ကြည့်လိုက်ရအောင် အရင်ဆုံးဒီကလေးရဲ့ရည်ရွယ်ချက်ကမသန့်စင်ဘူး သူဒီကိုလာတာကဖျော်ဖြေဖို့မဟုတ်ဘဲနဲ့ ပိုက်ဆံအတွက်လာခဲ့တာ"

လီလောင်ရှီးကလည်းသဘောတူတယ် "ပြီးတော့တစ်ချက်က သူ့ရဲ့သီချင်းဆိုတဲ့အရည်အချင်းက အရမ်းလည်းတော်မနေဘူးလေ ခံစားချက်ကိုဖော်ပြတဲ့နေရာမှာတော်ပြီး အင်အားရှိတာလေးတစ်ခုပဲ ဒါပေမဲ့အရှေ့Fလို့သတ်မှတ်ခံလိုက်ရတဲ့ အတန်းသားတစ်ယောက် သူ့ရဲ့သီချင်းဆိုအရည်အချင်းကလည်းမဆိုးဘူးလေ အဲ့တာကိုဘာလို့Fလို့သတ်မှတ်ခံလိုက်ရတာလဲ ပြီးတော့သူက မကတတ်တာလည်းမဟုတ်ဘူး"

လျိုရွှောင်းကခေါင်းငြိမ့်လေတယ် "ငါ့အထင်တော့Bကလုံးဝမဖြစ်နိုင်ဘူး သူက,မကတတ်တော့ Fလောက်ပဲဖြစ်နိုင်တာ"

ထူရာကမျက်မှောင်ကြုတ်ကာပြောလေတယ် "ကျွန်မကတော့ဒီလိုမျိုး သူ့ရဲ့အားနည်းချက်ကိုပဲ ဂရုမစိုက်သင့်ဘူးလို့ထင်တယ်"

ဒီကိစ္စအပေါ်မှာလူတွေအားလုံးရဲ့အမြင်တွေထပ်ပြီးကွဲသွားကြပြန်တယ်။

ဒါကလုံးဝကို ကြုံတောင့်ကြုံခဲကိစ္စပဲ။ ဒါက'Starlight'စလွှင့်ကတည်းက ဒီလိုမျိုးနည်းပြတွေကိုအငြင်းအခုံဖြစ်စေတာက ဂျန်ရှင်းဆွေ့ကပထမဆုံးအကြိမ်ပဲဖြစ်လိမ့်မယ်။

ပရိသတ်တွေရဲ့အကြည့်က ဖုကျင်းရှောင်းပေါ်မှာထပ်ပြီးကျရောက်လာပြန်တယ်။

ထူရာကစူးစမ်းစွာနဲ့ "ဖုလောင်ရှီးကရော?"

ဖုကျင်းရှောင်းကစာရွက်ကို လက်ထဲကချလိုက်တယ်။ သူကဒီအုပ်စုထဲမှာ ပါးစပ်ဟရတာမကြိုက်ဆုံးသူပဲ။ ဒါပေမဲ့သူစကားပြောလိုက်တဲ့အချိန်မှာတော့ အားလုံးကလုပ်နေတာတွေရပ်ပြီးတော့ သေချာနားထောင်နေကြတယ်။ သူ့မျက်ခုံးတွေကမြင့်တက်သွားတာကိုတွေ့လိုက်ရပြီးတော့ သူကဖြည်းဖြည်းချင်းပြောလာတယ် "သူ့ရဲ့ရည်ရွယ်ချက်က မသန့်စင်ဘူးဆိုရင် တခြားသူတွေကရော?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now