Chapter - 66

11K 2K 145
                                    

Unicode

ပိုင်ရှင်ရှေ့တွင်albumများပေါ်ထွက်ခဲ့ခြင်း
_____________________________________

အခန်းထဲတစ်ခဏလောက်တိတ်ဆိတ်သွားရတယ်။

ရှန်ရှင်းဆွေ့ရဲ့ ရှုတ်လည်းရှုတ်၊ ရှက်လည်းရှက်နေတဲ့ မျက်ဝန်းလေးတွေကိုကြည့်နေရင်း ဖုကျင်းရှောင်းရဲ့မျက်ဝန်းတွေ မှေးကျဥ်းသွားရတယ်။ ရုပ်ရှင်ဧကရာဇ်က အတော်လေးဉာဏ်ကောင်းတဲ့သူဖြစ်တယ်။ သူချက်ချင်းပဲ ရှန်ရှင်းဆွေ့ဘာကိုအထင်လွဲသွားလဲဆိုတာ နားလည်လိုက်တယ်။ သူခဏလောက်တွေးလိုက်ပြီးနောက် ရုပ်ရှင်ဧကရာဇ်ဖုရဲ့မျက်နှာပေါ်မှာ ဆိုးသွမ်းတဲ့အပြုံးက ထွက်ပေါ်လာရတော့တယ်။ သူကရှင်းမပြတဲ့အပြင် ဟိတ်ဟန်အပြည့်နဲ့တောင် အနားဆီလျှောက်သွားလိုက်သေးတယ်။

အမျိုးသားရဲ့ရှည်လျားတဲ့ ခြေချောင်းတွေက ကြမ်းပြင်ကိုထိသွားပြီး ရှေ့တစ်လှမ်းတိုးလိုက်တိုင်း ရှန်ရှင်းဆွေ့ ပိုပိုစိတ်လှုပ်ရှားလာရတယ်။

နောက်ဆုံး ဖုကျင်းရှောင်း ဆိုဖာဘေးမှာမတ်တပ်ရပ်လိုက်တယ်။ ကိုယ်ကိုကိုင်းညွှတ်လိုက်ချိန် လူနှစ်ယောက်ရဲ့အကွာအဝေးက ရုတ်ချည်းနီးကပ်သွားရတယ်။ ဒါက သူ့ရဲ့သန့်ရှင်းအေးမြတဲ့မျက်လုံးတွေကို ရှန်ရှင်းဆွေ့အနီးကပ်ကြည့်ဖို့ လုံလောက်စေခဲ့တယ်။ အရင်ကသူသတိမထားမိခဲ့ဘူး။ ရုပ်ရှင်ဧကရာဇ်ဖုရဲ့မျက်လုံးတွေနဲ့ နီးကပ်သွားတော့မှ အနက်ရောင်ထဲက နက်ပြာရောင်ဖျော့ဖျော့ထွက်ပေါ်လာတာဖြစ်တယ်။ ဒီလိုအပြာရောင်မျိုးက ရှန်ရှင်းဆွေ့တွေ့ဖူးတဲ့ အပြာရောင်တိုင်းထက် ပိုလှပြီးစွဲလမ်းစေတယ်။

ရှန်ရှင်းဆွေ့ရဲ့ဝင်လေတွေက ဖုကျင်းရှောင်းရဲ့ထွက်လေတွေဖြစ်နေခဲ့တယ်။ သူအသံတိုးတိုးနဲ့ "လောင်ရှီး......"

"ကိုယ်ဘာဖြစ်လဲ?" ဖုကျင်းရှောင်း ဆိုဖာဘေးကိုမှီကာရပ်နေတယ်။ သူ့မျက်လုံးအောက်ခြေမှာ ရယ်သွမ်းမှုတွေကိုဖုံးကွယ်ထားလေတယ်။ အနားပိုတိုးကပ်လာပြီး ခပ်နိမ့်နိမ့်ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့အသံနဲ့ "မလုပ်ချင်ဘူးလား?"

ရှန်ရှင်းဆွေ့ရဲ့မျက်နှာက နီတွတ်သွားတော့တယ်။ သူအထစ်ထစ်အငေါ့ငေါ့နဲ့ပြောလာတယ် "ကျွန်တော်...ကျွန်တော် စိတ်ထဲဘာမှ...မပြင်ဆင်ရသေးဘူး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now